ဘန်ကောက်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဒီဂျစ်တယ် စီးပွားရေးနှင့် လူမှုအဖွဲ့အစည်း ဝန်ကြီးဌာနက နိုဝင်ဘာလတွင် အသစ်တည်ထောင်မည့် “သတင်းတု တုန့်ပြန်ရေးစင်တာ” အား အစိုးရအရာရှိ ၄၀ ဦးက လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၁ ရက်က ကြေညာလိုက်သည်။
ကွမ်ကျိုး၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ) ၁၂၆ ကြိမ်မြောက် ကွမ်ကျိုးသွင်းကုန်ထုတ်ကုန်ကုန်စည်ပွဲတော်ကို အောက်တိုဘာ ၁၅ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ တရုတ်နိုင်ငံ ကွမ်ကျိုးမြို့တွင် ကျင်းပမည် ဖြစ်ရာ ယခုကျင်းပမည့်ကုန်စည်ပွဲတော် ရှိသွင်းကုန်ပြပွဲတွင် ရပ်ဝန်းနှင့်ပိုးလမ်းမတစ်လျှောက် ကုမ္ပဏီလုပ်ငန်းများက ပါဝင်မှုအများဆုံး ဖြစ်ကြောင်း ၎င်းကုန်စည်ပွဲတော်ဖွင့်ပွဲ သတင်းစာရှင်းလင်းပွဲမှ သိရသည်။...
နယူးဒေလီ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံမြောက်ပိုင်း အက်တာ ပရာဒက်ရှ်ပြည်နယ်၊ ဓာတ်ငွေ့အိုးပေါက်ကွဲမှုကြောင့် အိမ်တစ်လုံးပြိုကျမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ ၁၀ ဦးသေဆုံးခဲ့ကာ လူအများအပြားဒဏ်ရာရရှိခဲ့ကြောင်း အောက်တိုဘာလ ၁၄ရက်သတင်းများတွင် ဖော်ပြခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) မြန်မာ့ရိုးရာ သီတင်းကျွတ် မီးထွန်းပွဲတော် ကာလ ဖြစ်သော သီတင်းကျွတ် လပြည့်နေ့ ၊ အောက်တိုဘာ ၁၃ ရက်တွင် ရန်ကုန်မြို့မဟာ ဗန္ဓုလ ပန်းခြံ နှင့် ရေကျော် သီတင်းကျွတ် မီးထွန်း ပွဲတော်တို့တွင် မီးအလှဆင် ထွန်းညှိထားမှုများ...
အော့တဝါ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုး (Justin Trudeau) သည် သေချာမသိရသည့် လုံခြုံရေးခြိမ်းခြောက်မှုတစ်ခုကြောင့် တိုရန်တိုမြို့တွင် အောက်တိုဘာ ၁၂ ရက်က ရွေးကောက်ပွဲ စည်းရုံးရေး၌ ကျည်ကာအင်္ကျီ ဝတ်ဆင်ခဲ့ကြောင်း ဒေသခံ CTV မီဒီယာအရ သိရသည်။