Connect with us

Asia

သီရိလင်္ကာနိုင်ငံတွင် ယခုအတွင်း လူနှင့်ဆင်များအကြား ပဋိပက္ခကြောင့် ဆင်ကောင်ရေ ၃၆၀ နှင့် လူ ၁၀၀ သေဆုံး

သီရိလင်္ကာနိုင်ငံရှိ Yala သဘာဝသစ်တောကြိုးဝိုင်းတွင် ဆင်တစ်ကောင်နှင့် ဆင်သားပေါက်တစ်ကောင်တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံတွင် ကာလရှည်ကြာဖြစ်ပွားနေသည့် လူနှင့်ဆင်များအကြား ပဋိပက္ခကြောင့် ယခုနှစ် ဒီဇင်ဘာလလယ်အထိ ဆင်ကောင်ရေ ၃၀၀ နှင့် လူဦးရေ ၁၀၀ သေဆုံးခဲ့ကြောင်း သီရိလင်္ကာ တောရိုင်းတိရစာ္ဆန်ဆိုင်ရာဌာနက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားလိုက်သည်။

တောရိုင်းတိရစာ္ဆန်ဆိုင်ရာဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ ဒေသတွင်း မီဒီယာသတင်းများအရ တောရိုင်းတိရစာ္ဆန်ဆိုင်ရာဌာနနှင့် အစိုးရတို့ ပူးပေါင်းကာ လူနေထိုင်ရာနေရာများသို့ ဆင်များဝင်ရောက်လာမှုကို ကာကွယ်ရန် ခြံစည်းများ ကာရံခြင်းဖြင့် လူနှင့်ဆင်များအကြား ပဋိပက္ခဖြစ်ပွားမှု လျှော့ချရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ယင်းဖြစ်ရပ်ကြောင့် သေဆုံးသူအရေအတွက်မှာ ယခုနှစ်တွင် အလွန်များပြားလာသည့်အတွက် ယင်းအရေအတွက်ကို လျှော့ချရန် အခြားဆောင်ရွက်ချက်များစွာ လုပ်ဆောင်လျက်ရှိကြောင်း တာဝန်ရှိသူများက ဆိုသည်။သီရိလင်္ကာနိုင်ငံတွင် တောဆင်ရိုင်း ကောင်ရေမှာ ခန့်မှန်းခြေ ၇၅၀၀ ခန့်ရှိကြောင်း တရားဝင်မှတ်တမ်းများအရ သိရသည်။ (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117