ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ ပါဝင်ယှဉ်ပြိုင်ရမည့် AFC Cup 2019ဘောလုံး ပြိုင်ပွဲ အုပ်စု မဲခွဲမှုများ ထွက်ပေါ်လာခဲ့ရာ မြန်မာအသင်းများသည် အုပ်စု (စ)နှင့် အုပ်စု (ဆ)တို့တွင် ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
မော်စကို ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) GRU ဟူ၍ လူသိများသော ရုရှားနိုင်ငံ အဓိကထောက်လှမ်းရေးညွှန်ကြားမှုအဖွဲ့အကြီးအကဲ Igor Korobov သည် အပြင်းအထန် နာမကျန်းဖြစ်ပွားပြီးနောက် နိုဝင်ဘာ ၂၁ ရက်၌ အသက် ၆၃ နှစ်အရွယ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။
ဟနွိုင်း ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ Binh Phuoc ပြည်နယ်တွင် ဆီတင်ယာဉ်တစ်စီး တိမ်းမှောက်မီးလောင်မှုကြောင့် လူနေအိမ်များ မီးလောင်ကျွမ်းခဲ့ရာ အနည်းဆုံး ၆ ဦးထက်မနည်းသေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရခဲ့ ကြောင်း ဗီယက်နမ် မီဒီယာများ၏ သတင်းများအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ၅ လက်မ ပတ်လည်ခန့်ရှိ ဆင်သားရေ ၂၉၀ ချပ် သိမ်းဆည်းရမိမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် တညင်းကုန်းဘူတာ၌ မြို့ပတ်ရထားမှ ရေတိုင်ကီရေဆူပြီး ပွင့်ထွက်မှုကြောင့် အမျိုးသမီး ၇ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။