Connect with us

Sport

၂၀၂၀ ခုနှစ် အာရှ ယူ-၁၉ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ၏ အုပ်စု (I)တွင် တောင်ကိုရီးယား နိုင်ငံ ယူ ၁၉ ဘောလုံးအသင်း ခြေစစ်ပွဲ အောင်မြင် 

တရုတ် နိုင်ငံ ယူ ၁၉ ဘောလုံးအသင်း နှင့် တောင်ကိုရီးယား နိုင်ငံ ယူ၁၉ ဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားနေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ကျင်းပသော ၂၀၂၀ ခုနှစ် အာရှ ယူ-၁၉ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ၏ အုပ်စု (I)တွင် တတိယနေ့ ပွဲစဉ်အဖြစ် နိုဝင်ဘာ ၁၀ ရက်တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ယူ ၁၉ ဘောလုံးအသင်းနှင့် တောင်ကိုရီးယား နိုင်ငံ ယူ၁၉ ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားရာ တောင်ကိုရီးယား နိုင်ငံ ယူ၁၉ ဘောလုံးအသင်းက လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး အုပ်စု ပထမ ရရှိကာ ခြေစစ်ပွဲ အောင်မြင်သွားခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ယူ ၁၉ ဘောလုံးအသင်းနှင့် တောင်ကိုရီးယား နိုင်ငံ ယူ၁၉ ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ရာတွင် ပထမပိုင်းတွင် တောင်ကိုရီးယား ယူ ၁၉ ဘောလုံးအသင်းက ပယ်နယ်တီမှတဆင့် သွင်းယူ သွားခဲ့ပြီး ဒုတိယပိုင်းတွင် တရုတ် နိုင်ငံ ယူ၁၉ ဘောလုံးအသင်းက ချေပဂိုး ပြန်လည် သွင်းယူခဲ့သော်လည်း တောင်ကိုရီးယား နိုင်ငံ ယူ၁၉ ဘောလုံးအသင်းက ထပ်မံ၍ သုံးဂိုး သွင်းယူသွားခဲ့သည်။

တောင်ကိုရီးယား ယူ ၁၉ အသင်းက အုပ်စု I တွင်သုံးပွဲကစားသုံးပွဲနိုင် ၉ မှတ်ဖြင့် အုပ်စု ပထမ ရကာ ပြိုင်ပွဲ နောက်ဆုံး အဆင့်သို့ လွတ်လွတ်ကျွတ်ကျွတ် တက်ရောက် သွားခဲ့သည်။ တရုတ်ယူ ၁၉ အသင်းမှာ နှစ်ပွဲကစား ခြောက်မှတ်ဖြင့် အုပ်စု ဒုတိယရကာ နောက်တစ်ဆင့် တက်ရေးအတွက် အကောင်းဆုံး အုပ်စု ဒုတိယ လေးသင်းတွင် ပါဝင်နိုင်ရန် အခြားအုပ်စုပွဲ များကို ကြည့်ရမည် ဖြစ်သည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.