နယူးဒေလီ ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) အိန္ဒိယ နိုင်ငံ သတင်းမီဒီယာ များ၏ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ဖော်ပြချက်အရ နိုင်ငံ အနောက်မြောက်ပိုင်း Rajasthan ပြည်နယ် Ajmer ဒေသတွင် ကျင်းပပြုလုပ်ခဲ့သည့် မင်္ဂလာ ပွဲ တစ်ခု တွင် ဂတ်စ်အိုး...
ကွာလာလမ်ပူ ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံ မြောက်ပိုင်း လန်ကာဝီကျွန်းပေါ်၌ ပြေးဆွဲနေသော ကောင်းကင်ကေဘယ်လ်ကားများ စက်ပိုင်းဆိုင်ရာချွတ်ယွင်းမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အနည်းဆုံး လူပေါင်း ၈ဝ ကျော်သည် ကားထဲ၌ ၄ နာရီနီးပါး ပိတ်မိနေခဲ့ကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
တီဟီရန် ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ၌ ခရီးသည်တင်လေယာဉ်တစ်စင်းသည် နိုင်ငံအလယ်ပိုင်း Dena တောင်တန်းပေါ်၌ ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းက ပျက်ကျခဲ့ရာ ၊ လေယာဉ်ပေါ်လိုက်ပါလာသူ ၆၆ ဦးစလုံး သေဆုံးသွားကြောင်း အီရန်နိုင်ငံမြို့ပြလေကြောင်းပို့ဆောင်ရေးဌာနအကြီးအကဲ Abed Zadeh ကအတည်ပြုပြောကြားခဲ့သည်။
မက္ကဆီကိုစီးတီး၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ ပြည်ထဲရေးဝန်ကြီးနှင့် Oaxaca ပြည်နယ် အုပ်ချုပ်ရေးမှူးတို့ လိုက်ပါလာသော ရဟတ်ယာဉ်သည် ဖေဖော်ဝါရီလ ၁၆ ရက်က ပျက်ကျခဲ့ပြီး အနည်းဆုံး မြေပြင်ပေါ်ရှိ လူ နှစ်ဦး သေဆုံးခဲ့ကြောင်း ရဟတ်ယာဉ်ပေါ်၌သို့ လိုက်ပါသွားသော အရာရှိများ ပြောကြားချက်အရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ လူကုန်ကူးမှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ ကြိုတင်ကာကွယ်ရေးနှင့် တားဆီးနှိမ်နင်းရေး များကို ဆွေးနွေးကြကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။