လန်ဒန် ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) မန်ချက်စတာယူနိုက်တက်အသင်းသည် ကိုယ်ပိုင်အကြမ်းဖက်မှုတိုက်ဖျက်ရေးအကြီးအကဲတစ်ဦးကို ခန့်အပ်ထားရှိသည့် ပထမဆုံး အင်္ဂလန်ကလပ်အသင်းဖြစ်လာကြောင်း ဇန်နဝါရီလ ၁၈ ရက်တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) တောင်ဥက္ကလာပမြို့နယ်၊ ရတနာလမ်းထိပ် က.ည.နရုံးအနီးတွင် ယနေ့ ဇန်နဝါရီ ၁၉ ရက်နေ့ နံနက် ၈နာရီခွဲခန့်က ဂတ်စ်ပိုက်လိုင်း ပေါက်ပြီး ကားနှစ်စီးမီးလောင်သွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) ဂျန်းရှင်းစင်တာဂရု မှ ကြီးမှူး၍ တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် တတိယအကြိမ်မြောက် ခြင်္သေ့စွမ်းရည်အက နှင့် နဂါးရှည်အကပြိုင်ပွဲကို ယနေ့ ညနေ ၅ နာရီခွဲမှ စတင်ကာ ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စ ရန်ဟီလီ (Ms. Yanghee Lee)အား နိုင်ငံတော် ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေက သမ္မတ အိမ်တော်တွင် ယနေ့ နေ့...