မကာအို၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မကာအိုဒေသရှိ တရုတ်-ပေါ်တူဂီစကားပြောနိုင်ငံများ (PSCs) စီးပွားရေးနှင့် ကုန်သွယ်မှုပလက်ဖောင်းစုပေါင်းနေရာသို့ ဒီဇင်ဘာ ၁၉ ရက်က သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝန်း တစ်ပတ်အတွင်း တရားမဝင်သစ် တန် ၄၆၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ရန်ကင်း ရန်ကင်းမြို့နယ်၊ (၃)ရပ်ကွက်၊ တိုက် အမှတ်(၂၁၇) ရှိငွေလဲကောင်တာတစ်ခု ၌ ဒီဇင်ဘာ ၁၇ ရက်က နိုင်ငံခြားသား နှစ်ဦးမှ ဒေါ်လာငွေစက္ကူအတုဖြင့် လာရောက်လိမ်လည်မှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။