ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များအလိုက် လောင်းကစားအမှုပေါင်း ၃၁၀ မှု ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
ဂျီနီဗာ ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ ကုန်သွယ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေး က ဖေဖော်ဝါရီ ၅ ရက်နေ့ ၌ ထုတ်ပြန် ခဲ့သည့် အစီရင်ခံစာ တွင် အမေရိကန် နိုင်ငံ ၌ ပြည်ပ နိုင်ငံများ ရင်းနှီးမြှုပ်နှံမှု...
နယူးဒေလီ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒတ်ရှ်ပြည်နယ်တွင် ရုတ်တရက် အိတ်ချ်အိုင်ဗီ (HIV) ကူးစက်ခံရသူများအား စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါ လူနာများအား ဆေးထိုးအပ် တစ်ချောင်းထဲဖြင့် ဆေးထိုးပေးခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၆ ရက်က ထုတ်ဖော်ပြောကြားလိုက်သည်။
နန်ကျင်း၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ ကုမ္ပဏီ ၁၂ ခုက အဘူဒါဘီတွင် ခေတ်သစ်ပိုးလမ်းမကြီးနှင့်ဆက်စပ်စီမံကိန်း တစ်ခု၌ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော် ရင်းနှီးမြှုပ်နှံမည်ဖြစ်ရာ အလုပ်အကိုင် ၂၀၀၀ ကျော်ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttarakhand ပြည်နယ် ၌ ဖေဖော်ဝါရီ ၇ရက်တွင် ဂျစ်ကားတစ်စီး ချောက်ထဲသို့ ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၉ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။