Connect with us

Politics, Law & Military

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်နှင့် အလွတ်သဘောတွေ့ဆုံရန်နှင့် နီပေါနိုင်ငံ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ရန် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ပေကျင်းမှ ထွက်ခွာ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ (Narendra Modi) နှင့် ဒုတိယအကြိမ်မြောက် အလွတ်သဘောတွေ့ဆုံရန်နှင့် နီပေါနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ရန် အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက ပေကျင်းမြို့မှ ထွက်ခွာခဲ့ကြောင်း သိရသည်။

ရှီသည် မိုဒီနှင့် နီပေါနိုင်ငံ သမ္မတ ဘစ်ဒ်ယာ ဒက်ဗ်ဗီ ဘန်ဒါရီ (Bidhya Devi Bandari) တို့၏ ဖိတ်ကြားချက်ဖြင့် သွားရောက်ခြင်း ဖြစ်သည်။

ရှီနှင့်အတူ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ အထွေထွေရုံး ညွှန်ကြားရေးမှူး သင်းရွှီးရှန်၊ CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ နိုင်ငံခြားရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၊ တရုတ်ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုညီလာခံ အမျိုးသားကော်မတီ ဒုတိယဉက္ကဋ္ဌနှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှု ကော်မရှင် အကြီးအကဲ ဟယ်လိဖုန်း တို့ လိုက်ပါသွားကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.