Connect with us

Politics, Law & Military

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ကျောက်မျက်တူးဖော်ခွင့်လုပ်ငန်းပြန်လည်ခွင့်ပြုချိန် ကုမ္ပဏီ ငါးခုတူးဖော်ခွင့်လျှောက်ထား

ကချင်ပြည်နယ်ရှိကျောက်စိမ်းလုပ်ကွက်အားတွေ့ရစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း မိုးတွင်းကာလ ကျောက်မျက်တူးဖော်ခွင့် သုံးလပိတ်ထားရာမှ အောက်တိုဘာလမှစ၍ တူးဖော်ခွင့်ပြန်လည်ခွင့်ပြုချိန်တွင် လာရောက်လျှောက်ထားသည့် ကုမ္ပဏီအရေ

အတွက်မှာ ငါးခုသာရှိသေးကြောင်းကချင်ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီးဦးဒါရှီလဆိုင်းထံမှ သိရသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများတွင် မိုးတွင်းကာလ မြေစာပုံပြိုကျမှုများ မကြာခဏဖြစ်ပေါ်နေခြင်းကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များအန္တရာယ်

မဖြစ်စေရန် ကျောက်မျက်တူးဖော်ခွင့် သုံးလရပ်နားထားရာမှ အောက်တိုဘာလတွင် လုပ်ငန်းများ ပြန်လည်ချထားပေးရာ၌ နိုင်ငံတော်နှင့် အကျိုးတူလုပ်ကိုင်ခွင့်သက်တမ်းကျန်ရှိသည့် လုပ်ကွက် ၆၀ မှ လုပ်ကွက်ငါးကွက်သာလျှင် ဆက်လက်လုပ်ဆောင်ရန် သက်ဆိုင်ရာသို့ သတင်းပို့ထားပြီး ပုဂ္ဂလိကကုမ္ပဏီများမှ လုပ်ကွက်၈၀၀ ကျော်တွင် ဆက်လက်လုပ်ကိုင်ရန် ဆက်သွယ်ခြင်းမရှိသေးကြောင်း သိရသည်။

ကချင်ပြည်နယ် ဖားကန့်ဒေသအတွင်းရှိ ကျောက်မျက်လုပ်ကွက်များတွင် ယခင်ထုတ်ပြန်ထားသည့် ကျောက်မျက် ဥပဒေကြမ်းအရ လုပ်ကွက်တစ်ခုလျှင် မြေဧက ၃၀ အထိလုပ်ကိုင်ခွင့်လက်မှတ်များထုတ်ပေးခဲ့သော်လည်း ယခုအခါ ဥပဒေသစ်အရ အလတ်စားလုပ်ကွက်များတွင် မြေအကျယ်ငါးဧကသာ ခွင့်ပြုပေးမည်ဖြစ်သဖြင့် ကုမ္ပဏီများမှာ စိတ်ပါဝင်စားမှုနည်းပါးနေခြင်းဖြစ်ကြောင်း၊ အလတ်စားကျောက်မျက်တူးဖော်မှုလုပ်ကွက်လုပ်ကိုင်နိုင်ရန် ဧက ၇၄,၀၀၀ကျော် သတ်မှတ်ထားပြီး လက်လုပ်လက်စားလုပ်ကွက်များကို မှော် ၂၆မှော်တွင် ဧက ၂၇,၇၀၀ ကျော် လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ကြေးမုံသတင်းစာတွင် ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.