ရှီအန် ၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ Shaanxi ပြည်နယ်၏မြို့တော် ရှီအန်မြို့(Xi’an) နှင့် Sichuan ပြည်နယ်မြို့တော် ချန်ဒူမြို့(Chengdu) အကြား ပြေးဆွဲပေးမည့် မြန်နှုန်းမြင့်မီးရထားပြေးဆွဲခြင်းကို ဒီဇင်ဘာ ၆ ရက်တွင် စတင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။
ဝူးကျိန့်၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း Zhejiang ပြည်နယ် ဝူးကျိန့်( Wuzhen) မြို့၌ ၄ ကြိမ်မြောက် ကမ္ဘာ့အင်တာနက်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့၏ အနောက်- အနောက်တောင်ဘက် (၂၅) မိုင်ခန့်အကွာကို ဗဟိုပြု၍ ယနေ့ဒီဇင်ဘာ ၃ ရက်တွင် အင်အားရစ်(ခ်)တာစကေး (၄.၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
နင်ရှီ ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်သျှဟူ( Ningxia Hui) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Yinchuan မြို့တွင် ခရီးသွားပြည်သူများ သွားလာမှုများပြားသည့် နေရာများ၌ အများသုံး အိမ်သာ အလုံးပေါင်း ၄၈၁ လုံးကို အသစ်တပ်ဆင်ခြင်း (သို့မဟုတ်) ပြန်လည်ပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) မူဆယ် မြို့နယ် နမ့်ပေါ်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် (၂၆၅/၄-၅)ကြား နမ့်ပေါ် တံတား ကုန်းဆင်း၌ ဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မှုကြောင့် ၁ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု...