Connect with us

Eastern Europe

အရှေ့ဘက်ကမ်းတွင်ပြုလုပ်သော ရုရှားနိုင်ငံ၏ ရေတပ်အဓိကလေ့ကျင့်မှုပြီးဆုံး

ရုရှားနိုင်ငံစစ်သင်္ဘောများ စိန့်ပီတာစဘတ်မြို့ Kronstadt ၌ ၂၀၁၉ ခုနှစ် ဇူလိုင် ၂၈ရက်တွင် စစ်ရေးလေ့ကျင့်မှုပြုလုပ်စဉ်(ဆင်ဟွာ)

မော်စကို၊အောက်တိုဘာ၉ရက်(ဆင်ဟွာ)

စစ်လက်နက် အမျိုးပေါင်း ၅၀၀ နှင့်အတူ စစ်သည် ၄,၀၀၀ကျော် ၊ စစ်လေယာဉ် ၁၅ စင်း နှင့် စစ်သင်္ဘောများစွာပါဝင်သည့် ရုရှားနိုင်ငံ၏ ဖစိဖိတ်ရေတပ်အုပ်စု အဓိကစစ်ရေးလေ့ကျင့်မှုကို ရုရှားနိုင်ငံအရှေ့ပိုင်း Kamchatka ရေလက်ကြား၌ အဆုံးသတ်ခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၈ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါလက်တွေ့လေ့ကျင့်မှုများတွင် ပစိဖိတ်ကမ်းရိုးတမ်း၌ ကမ်းတပ်တပ်ဖွဲ့တားဆီးရေး ရေတပ်လေ့ကျင့်မှုကိုပြုလုပ်ခဲ့ပြီး An-26 လေယာဉ်တစ်စင်းပေါ်မှ Primorsky ဒေသအခြေစိုက်လေထီးတပ်သားများ၏ ဆင်းသက်မှု၊ ရန်သူ့လေပိုင်နက်ကိုထိန်းချုပ်ခြင်းနှင့် လက်ရဖမ်းဆီးခြင်းလေ့ကျင့်မှုများပါဝင်ကြောင်း  ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်၊၊

Grad ဘက်စုံပစ်ခတ်နိုင်သည့် ဒုံးကျည်စနစ်များ ၊ T-80BV တင့်ကားများ ၊ အလိုအလျောက်ထိန်းချုပ်ပစ်ခတ်နိုင်သော Gvozdika အမြောက် နှင့် Nona ဟောင်ဝစ်ဇာအမြောက် များမှ လေ့ကျင့်ပစ်လွှတ်မှုများအတွင်း မီးငြှိမ်းသတ်ရေးလေ့ကျင့်မှုသုံးခုကိုလည်း အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်းသိရသည်၊၊

ရေတပ်တပ်ဖွဲ့၏ လေကြောင်းပျံသန်းမှုလေ့ကျင့်ခန်းများအတွင်း MiG-31 မှ တိုက်လေယာဉ်မှူးများသည် ရေပြင်ပေါ်တွင် အနိမ့်ပျံအမြင့်ပျံလေ့ကျင့်ခန်းများကိုပြုလုပ်ခဲ့ကြောင်း နှင့် တပ်ဖွဲ့ဝင်များမြေပြင်ဆင်းသက်မည့်နယ်မြေဧရိယာအတွင်း ဗုံးကျဲလေယာဉ် ချဉ်းနင်းဝင်ရောက်မှုလေ့ကျင့်ခန်းများလည်းပြုလုပ်ခဲ့သည်၊၊

ပစိဖိတ်ကမ်းရိုးတမ်း၌ ပစ်မှတ်များအား ရှာဖွေပစ်ခတ်သည့်လေ့ကျင့်ခန်းကို ပြုလုပ်စဉ် Ka-29 ထောက်ပို့နှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များစွာကို အသုံးပြုခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုများကို Orlan-10 နှင့် မောင်းသူမဲ့ Forpost တင့်ကားများက အနီးကပ် စောင့်ကြည့်ခဲ့ပြီး အားလုံးသော အမိန့်ပေးညွှန်ကြားမှုကို မြေပြင်အခြေစိုက် ကွပ်ကဲရေး စခန်းများနှင့်  ခြေရာခံသင်္ဘော Krylov ပေါ်မှနေ၍  တိုက်ရိုက်ကွပ်ကဲခဲ့ကြောင်း ဝန်ကြီးဌာနထုတ်ပြန်ချက်တွင် ဖော်ပြထားသည်၊၊(Xinhua)