Connect with us

Asia

သီရိလင်္ကာတွင် သမ္မတရွေးကောက်ပွဲနှင့် ဆက်စပ်သော ရွေးကောက်ပွဲဆိုင်ရာ ပိုစတာများ၊ စာတန်းများ၊ လူထုချီတက်ပွဲများ ပြုလုပ်ခြင်းကို တားမြစ်

သီရိလင်္ကာနိုင်ငံ သမ္မတ Maithripala Sirisena အား တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံတွင် နောက်လတွင်ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သူများအား ထောက်ခံသည့်အနေဖြင့် လူထုချီတက်ပွဲများ၊ ပိုစတာများ၊ စာတန်းများကို ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၈ ရက်တွင် တားမြစ်လိုက်ကြောင်း သိရသည်။

ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်ပွဲပြုလုပ်မည့် နိုဝင်ဘာလ ၁၆ ရက်မတိုင်မီ ရွေးကောက်ပွဲနှင့် ဆက်စပ်သော ပိုစတာများ၊ စာတန်းများ၊ မော်တော်ကားဖြင့် စီတန်းသွားလာမှုများနှင့် အများပြည်သူ စီတန်းလှည့်လည်မှုများကို တားမြစ်ထားကြောင်းနှင့် ဥပဒေချိုးဖောက်သူများအား ဖမ်းဆီးရန် သီရိလင်္ကာနိုင်ငံတစ်ဝန်း လုံခြုံရေးများ တိုးမြှင့်ချထားကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရူဝန် ဂူနာဆတ်ကာရာ (Ruwan Gunasekara) က ပြောခဲ့သည်။

လာမည့်နိုဝင်ဘာလတွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၃၅ ဦးရှိပြီး သီရိလင်္ကာသမိုင်းကြောင်းတွင် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း အရေအတွက် အများဆုံး ဖြစ်ကြောင်း သိရသည်။ (Xinhua)