တိုကျို ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) အမှတ်(၇) တိုင်ဖုန်းမုန်တိုင်းသည် ယခုရက်သတ္တပတ်အစောပိုင်းတွင် ဂျပန်နိုင်ငံ Okinawa စီရင်စု ဝင်ရောက်ပြီး မြောက်ဘက်သို့ ရွေ့လျားတိုက်ခတ်ခဲ့ရာ ဇူလိုင် ၄ ရက်အထိ တိုင်ဖုန်မုန်တိုင်းကြောင့် ဂျပန်တွင် လူ ၁ ဦးသေဆုံးပြီး လူအမြောက်အမြား ဒဏ်ရာရရှိခဲ့သည့်အပြင် Okinawa စီရင်စုရှိ...
ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် အကြိမ် (၂ဝ)မြောက် အရှေ့တောင်အာရှ အသက် ၂ဝ အောက် (အမျိုးသား)ဘော်လီဘောပြိုင်ပွဲအတွက် မြန်မာ (ခ)အသင်း၏ အပြီးသတ်ကစားသမားစာရင်းကို မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်က ထုတ်ပြန်လိုက်သည်။
ပေကျင်း၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အစိုးရအဖွဲ့က လေထုညစ်ညမ်းမှု ထိန်းချုပ်ရေး သုံးနှစ်စီမံကိန်းတစ်ခုအား ထုတ်ပြန်ခဲ့ရာတွင် လေထုအရည်အသွေး တိုးတက်ရေးအတွက် အချိန်ဇယားနှင့် လမ်းပြမြေပုံတို့ ပါဝင်ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) ၂၀၁၈ခုနှစ်၊ ဇူလိုင်လ ၃ရက်နေ့ ၁၀း၀၀နာရီ အချိန် မိုးရွာသွန်းမှုကြောင့် နေပြည်တော်ကောင်စီ တပ်ကုန်းမြို့နယ် လွှဘုံ ကျေးရွာနှင့် ညောင်ပင်သာ ကျေးရွာတို့ ဆက်သွယ်ထားသော မြေသားလမ်းပေါ်ရှိ မုန်ချောင်းတံတား ပေါ်သို့ ရေလျှံမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဂါ့ဇ်နီ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) အာဖဂန် အစိုးရတပ်ဖွဲ့များက ဂါ့ဇ်နီပြည်နယ် အရှေ့ပိုင်းရှိ တာလီဘန်များအား စစ်ရေးအရ ပြင်းပြင်းထန်ထန် ဖိအားပေးခဲ့ရာ စစ်သွေးကြွ ၂၄ ဦးကျော် သေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Aref Nuri က ဇူလိုင်လ ၄ ရက်တွင် ပြောကြားလိုက်သည်။