Connect with us

Sport

အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) အုပ်စုမဲခွဲပွဲများ အောက်တိုဘာ ၁၅ ရက်တွင် ပြုလုပ်မည်

မြန်မာအသင်းယှဉ်ပြိုင်ကစားနေမှုတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာ့အလင်း)

ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) 

 

အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ  (SEA Games) အုပ်စုမဲခွဲပွဲကို အောက်တိုဘာ ၁၅ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ပြုလုပ်မည်ဖြစ်ကြောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်၊၊

ယင်းမဲခွဲပွဲတွင် အုပ်စုပုံစံဖြင့် ကျင်းပမည့် ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ဟော်ကီ၊ Floor-ball ၊ Handball ၊ Netball စသည့် အားကစားနည်းများအတွက် အုပ်စု များ မဲနှိုက်ရေးဆွဲမည်ဖြစ်ကြောင်း၊ မြန်မာအသင်းသည် အုပ်စုပုံစံဖြင့် ကျင်းပမည့် အားကစားနည်းအများစု တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဘောလုံးအားကစားနည်းတွင် အမျိုး သား၊ အမျိုးသမီးပြိုင်ပွဲ နှစ်ခုစလုံး၌ ယှဉ်ပြိုင်မည်ဖြစ်သည်။ 

(SEA Games) ဆီးဂိမ်း ဘောလုံးပြိုင်ပွဲအနက် အမျိုးသား ပြိုင်ပွဲကို နိုဝင်ဘာ ၂၅ ရက်၊ အမျိုး သမီးပြိုင်ပွဲကို နိုဝင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။ အမျိုး သား ဘောလုံးပြိုင်ပွဲကို အုပ်စုနှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး ခြောက်သင်း တစ်အုပ်စုနှင့် ငါးသင်းတစ်အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်သည်။ 

အမျိုးသမးဘောလုံးအသင်းများအား ပြိုင်ပွဲဝင် အသင်းများပါက အုပ်စုနှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အသင်းနည်းပါက ပတ်လည်စနစ်ဖြင့် ကျင်းပမည် ဖြစ်သည်။ ၂၀၁၇ ပြိုင်ပွဲကို ပတ်လည် စနစ်ဖြင့် ကျင်းပခဲ့ပြီး မြန်မာအသင်းက တတိယဆုရရှိခဲ့သည်။

မြန်မာဘောလုံးအသင်းများသည် ဆီးဂိမ်းပြိုင်ပွဲအတွက် စတင်ပြင်ဆင် နေပြီဖြစ်ပြီး ပြိုင်ပွဲအကြို ခြေစမ်းပွဲနှင့် ဖိတ်ခေါ်ပွဲများ ကစားမည်ဖြစ်သည်။ မြန်မာအမျိုးသားအသင်းကို ပိုပေါ့ဗ် (ဘူလ်ဂေးရီးယား)၊ အမျိုးသမီးအသင်း ကို ဦးဝင်းသူမိုး (မြန်မာ) တို့က ကိုင်တွယ်နေကြောင်း မြန်မာ့အလင်းသတင်းစာတွင်ပါရှိသည်၊၊  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.