ဂျကာတာ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ယနေ့ဇန်နဝါရီ ၂၃ရက် တွင် အင်အား ၆.၁ ပမာဏရှိသည့် ငလျင်ပြင်းတစ်ခု လှုပ်ခတ်သွားခဲ့သော်လည်း ဆူနာမီဖြစ်ပေါ်လာနိုင်ခြေ မရှိကြောင်း မိုးလေဝသ နှင့် ဘူမိရူပဗေဒဋ္ဌာန မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ Dedi Sugianto ကပြောကြားခဲ့သည်။
နယူးဒေလီ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရက်ပြည်နယ်တွင် ၂၀၀၈ခုနှစ်ကဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှုများနှင့် ဆက်စပ်၍ အိန္ဒိယနိုင်ငံတွင် အလိုရှိဆုံး ရာဇဝတ်ကောင်များအနက် တစ်ဦးဖြစ်သည့် Abdul Subhan Qureshi alias Tauqeer အား ဖမ်းဆီးနိုင်ခဲ့ကြောင်း ဒေလီရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၂ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ကန့်ဘလူမြို့နယ်၌ တူမီးလုပ်သေနတ် ၂ လက်အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ပေကျင်း၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံပိုင် သတင်းအေဂျင်စီ တစ်ခုဖြစ်သော ဆင်ဟွာ သတင်းအေဂျင်စီ (Xinhua News Agency) က အင်္ဂလိပ်ဘာသာ မိုဘိုင်း Portal တစ်ခုဖြစ်သော Xinhua News app တစ်ခုအား ဇန်နဝါရီလ ၂၃ ရက်က ထုတ်ပြန်လိုက်သည်။
ဟူစတန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ် အရှေ့ပိုင်း တွင် ဇန်နဝါရီ၂၂ရက် နံနက်ပိုင်းက ရေနံတူးစင်တစ်ခု ပေါက်ကွဲခဲ့မှုကြောင့် လူ ၅ဦးပျောက်ဆုံးနေကြောင်း သိရသည်။