Connect with us

Sport

မြန်မာယူ-၁၉ အမျိုးသမီးဘောလုံးအသင်း အာရှယူ-၁၉ ပြိုင်ပွဲမတိုင်မီ ဘောလုံးခြေစမ်းပွဲ လေးပွဲကစားမည်

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- ကြေးမုံ)

ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) 

မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်အတွက် နောက်ဆုံးပြင်ဆင်မှုအဖြစ် မန္တလေးမြို့၌ ပြည်တွင်း၊ ပြည်ပ ခြေစမ်းပွဲ လေးပွဲယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်၊၊

မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် အောက်တိုဘာ ပထမပတ်မှစ၍ လေ့ကျင့်နေပြီး မန္တလာသီရိကွင်း၌ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် ပြည်ပခြေစမ်းပွဲအဖြစ် အောက်တိုဘာ ၁၁ ရက်နှင့် ၁၃ ရက်တို့တွင် ဗီယက်နမ်ယူ-၁၉ အမျိုးသမီးအသင်း နှင့် ခြေစမ်းပွဲနှစ်ပွဲ ကစားမည်ဖြစ်သည်။ ဗီယက်နမ် ယူ-၁၉ အမျိုးသမီးအသင်းသည်လည်း အာရှခြေစစ်ပွဲ အောင်မြင်ထားသည့်အသင်းဖြစ်ပြီး မြန်မာ အမျိုးသမီးအသင်းအတွက် အကျိုးရှိမည့် ခြေစမ်းပွဲ လည်းဖြစ်ကြောင်း သိရသည်၊၊

မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် ဗီယက်နမ်နှင့် ခြေစမ်းပွဲပြီးပါက ပြည်တွင်းခြေစမ်းပွဲ

နှစ်ပွဲကစားမည်ဖြစ်ပြီး အောက်တိုဘာ ၁၆ ရက် တွင် အား/ကာသိပ္ပံအသင်း၊ အောက်တိုဘာ ၁၈ ရက် တွင် မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး) ယူ-၁၄ အမျိုးသားအသင်းတို့နှင့် ခြေစမ်းကစားမည်ဖြစ် သည်။ 

မြန်မာအမျိုးသမီးအသင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်းသည် ယင်းခြေစမ်းပွဲလေးပွဲပြီးမှ အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်မည်ဖြစ် ကြောင်း၊  မြန်မာယူ-၁၉အမျိုးသမီးအသင်းကိုကစားသမား၂၈ဦးဖြင့်ဖွဲ့စည်းထားပြီး ဇူလိုင် ၁ ရက်တွင်စခန်းဝင်လေ့ကျင့်ခဲ့ခြင်းဖြစ်ကြောင်း၊  မြန်မာအသင်း သည် သုံးလကျော်အတွင်း နိုင်ငံတကာခြေစမ်းပွဲ တစ်ပွဲအပါအဝင် ပြည်တွင်းခြေစမ်းပွဲများ ကစား ထားပြီး နောက်ဆုံးကစားထားသည့် လက်ရွေးစင်အမျိုးသမီးအသင်းနှင့်ခြေစမ်းပွဲတွင် သုံးဂိုး-နှစ်ဂိုး ဖြင့်သာ ရှုံးနိမ့်ခဲ့ကြောင်း ကြေးမုံသတင်းစာတွင် ပါရှိသည်၊၊  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.