ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် ကပ္ပလီပင်လယ်ပြင်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဆက်လက်တည်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အဘူလ်ဟတ်ဆန် မာမွတ်အလီ ခေါင်းဆောင်သော ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့တို့ နှစ်နိုင်ငံ ဝန်ကြီးများ အဆင့်အစည်းအဝေးကျင်းပခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) လာနီညာ ဖြစ်ပေါ်မှုခန့်မှန်းသည့် သင်္ချာပုံစံမော်ဒယ်များအရ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၈ခုနှစ် ဇန်နဝါရီလအထိ လာနီညာဖြစ်ရန် အမြင့်ဆုံး ၇၅ ရာခိုင်နှုန်း အထိ ရှိလာနိုင်ပြီး၊ ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လခန့်တွင် ၆၀ရာခိုင်နှုန်း သို့ ပြန်လည်လျော့ကျနိုင်ကြောင်း မိုးလေဝသ...
ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) JMC နှင့် ပြည်သူလူထု တွေ့ဆုံပွဲများကို JMC-S ရုံးစိုက် ရာမြို့များနှင့် အခြားမြို့များတွင် JMC-S များ၏ အစည်းအဝေး ဆုံးဖြတ် ချက်ဖြင့် ကျင်းပသွားရန် ဆွေးနွေးခဲ့ကြောင်း JMC-U ၏ (၁၃) ကြိမ်မြောက် အစည်းအဝေးထံမှ သိရသည်။
နေပြည်တော် ၊ နိုဝင်ဘာ ၂၀ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပသော ၁၃ ကြိမ်မြောက် အေဆမ်(ASEM) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအား ငြိမ်းချမ်းရေး နှင့် စဉ်ဆက် မပြတ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပူးပေါင်းမှု အရှိန် မြှင့်တင်ရေး ရည်ရွယ်ချက်ဖြင့်...