လစ္စဘွန်း ၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) ပေါ်တူဂီနိုင်ငံ မြောက်ပိုင်း၌ ဇန်နဝါရီလ ၁၃ ရက် ညပိုင်းတွင် နှစ်ထပ်တိုက်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၈ ဦးသေဆုံးပြီး ၊ ၅ဝ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ဖြူးမြို့အနီး ဗဟိုပြု၍ နောက်ဆက်တွဲ မြေငလျင် အဖြစ် အင်အား ရစ်(ခ်)တာ စကေး (၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ၊ မြေငလျင် ဌာနခွဲမှ...
ချုံကျင်း၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကျင်းပြည်နယ်ရှိ ပါးရှန်ထူရထားလမ်းသွားတံတားသစ်ကြီး ကမ္ဘာ့စံချိန် ၃ ခုချိုးဖျက်မည်ဖြစ်ကြောင်းသိရသည်။ ထိုတံတားမှာ ယန်ဇီမြစ်ပေါ်တွင်တည်ဆောက်ထားခြင်းဖြစ်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်းအင်အားအနည်းငယ်နှင့် အသင့်အတင့်ရှိ မြေငလျင်များအကြိမ် (၇၀) ခန့် လှုပ်ခတ်ခဲ့ပြီးနိုဝင်ဘာလ၊ ဒီဇင်ဘာလနှင့် ယခုဇန်နဝါရီလတို့တွင် မကြာခဏ လှုပ်ခတ်လျက်ရှိသဖြင့်ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ သတိပြုနေထိုင်ရန် လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ သတိပေးချက် ထုတ်ပြန်ခဲ့သည်။
နယူးဒေလီ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း ကာနတ်တကာပြည်နယ်တွင် ဇန်နဝါရီလ ၁၃ ရက်က ခရီးသည်တင် ဘတ်စ်ကား တစ်စီးသည် တံတားပေါ်မှချော်ကျကာ ရေအိုင်အတွင်းသို့ ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၈ ဦး သေဆုံး၍ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က...