Connect with us

Science & Technology

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွင်းရှိ အန္တရာယ်ရှိ ဓာတ်တိုင်၊မီးကြိုးများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်

မြန်မာနိုင်ငံအတွင်း သွယ်တန်းထားသည့် ဓာတ်အားလိုင်းတစ်ခု အားတွေ့ရစဉ်

ရန်ကုန်၊ စက်တင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွင်းရှိ အန္တရာယ်ရှိ ဓာတ်တိုင်၊မီးကြိုးများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

ယနေ့၊ နံနက်(၁၀)နာရီတွင် ကျင်းပသော လွှတ်တော်အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်း၏ သာကေတမြို့နယ်အတွင်းရှိ အန္တရာယ်ရှိ ဓာတ်တိုင်၊မီးကြိုးများကို လဲလှယ်ပေးရန် အစီအစဉ်ရှိ၊မရှိနှင့် ဓာတ်တိုင်များရှိသော်လည်း ကျွမ်းနေ၊ပြုတ်နေသော မီးလုံးများကို ပြန်လည်တပ်ဆင် မီးလင်းပေးရန် အစီအစဉ်ရှိ၊မရှိကို သိရှိလိုပါကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“သာကေတမြို့နယ်ရဲ့ အန္တရာယ်ရှိ ဓာတ်တိုင်၊ မီးကြိုးများကို လဲလှယ်ပေးရန် အစီအစဉ်ရှိပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဓာတ်တိုင်များရှိသော်လည်း ကျွမ်းနေ၊ ပြုတ်နေသော မီးလုံးများကို ပြန်လည်တပ်ဆင် မီးလင်းပေးရန် အစီအစဉ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်နယ်နိမိတ်အတွင်းရှိ မြို့နယ်များအားလုံး၏ အဓိကလမ်းမကြီးများ၊ အရေးပါသော လမ်းမများနဲ့ လမ်းမီးမရှိသေးသော လမ်းများအား ဦးစားပေးအလိုက် ဆောင်ရွက်လျှက်ရှိရာ LED မီးလုံးများ တင်ဒါထပ်မံ ခေါ်ယူထားဆဲ ဖြစ်ပါတယ်။ အဆိုပါ ပစ္စည်းများ ရရှိပါက သာကေတမြို့နယ်အတွင်း ဦးစားပေးလမ်းအလိုက် ချို့ယွင်းမီးလုံးများအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လဲလှယ်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။” ဟု ဝန်ကြီးဒေါ်နီလာကျော်က ပြောသည်။

ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဒသမပုံမှန်အစည်းအဝေး၏ အဋ္ဌမနေ့ကို လာမည့် စက်တင်ဘာလ(၃၀)ရက်၊ နံနက်(၁၀)နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.