ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၅,၇၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ နှင့် ဘိန်းစိမ်းများကိုဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးသုံးစွဲမှုထိန်းချုပ်ရေး ဗဟိုကော်မတီ က စက်တင်ဘာ ၁၆ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဘိုဂိုတာ၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ) ကိုလံဘီယာနိုင်ငံတွင် ခရီးသည်တင်လေယာဉ်တစ်စီးသည် စက်တင်ဘာ ၁၅ ရက် ညနေပိုင်းက Cauca ပြည်နယ် Popayan မြို့မှ စတင်ပျံသန်းပြီး မကြာမီ ပျက်ကျခဲ့ရာ လူ ၇ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကိုလံဘီယာလေကြောင်းဦးစီးဌာနက ယင်းနေ့တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) မြန်မာ ယူ-၁၆ ဘောလုံးအသင်းသည် အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် ၂၀၂၀ အာရှ ယူ-၁၆ ဘောလုံးခြေစစ်ပွဲအတွက် အပြီးသတ် ကစားသမား ၂၃ ဦး ရွေးချယ်လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ရုရှားနိုင်ငံ ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) ၏ ဖိတ်ကြားချက်ဖြင့် ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ရန် စက်တင်ဘာလ ၁၆ ရက်က ပေကျင်းမှထွက်ခွာခဲ့ကြောင်း သိရသည်။