ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ တတိယမြောက် ဘောလုံး အကယ်ဒမီ အဖြစ် အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)ကို ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ရှန်ဟိုင်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) တရုတ်နှစ်သစ်ကူးအခါသမယ နီးကပ်လာပြီဖြစ်၍ ရှန်ဟိုင်းဒစ္စနေ က ၎င်း၏ ပထမဆုံး တရုတ်နှစ်သစ်ကူးအား ကြီးကျယ်ခမ်းနားသည့် ဖျော်ဖြေရေးအစီအစဉ်များဖြင့် လာရောက်လည်ပတ်သူများအား ဖျော်ဖြေတင်ဆက်ရန် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဇန်နဝါရီ ၁၁ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ရန်ကုန်မြို့တွင်း စနစ်သစ်ဖြင့် စတင် ပြေးဆွဲမည့် မော်တော်ယာဉ်လမ်းကြောင်း အသစ်များနှင့် ပတ်သတ်၍ ကားမှတ်တိုင်များတွင် အများပြည်သူများ၏ အခက်အခဲများအား ကူညီ ဆောင်ရွက်ရန် စေတနာဝန်ထမ်းများအား ဖိတ်ခေါ်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာတစ်လတည်းတွင် နိုင်ငံပေါင်း ၄၅ နိုင်ငံမှ နိုင်ငံခြားသား ၇၅,ဝဝဝ ခန့် ရောက်ရှိဖူးမြော်ကြည်ညိုခဲ့ကြပြီး ထိုင်းနိုင်ငံသားများက အများဆုံးဖြစ်ကြောင်း ၊ အလှူငွေအနေဖြင့် သိန်းပေါင်း ငါးထောင်ကျော် အလှူခံရရှိခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ ဇန်နဝါရီလ ၁၂ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် က ရုရှား နိုင်ငံ အနေဖြင့် ပြီးခဲ့သည့် အမေရိကန် ရွေးကောက်ပွဲ ကာလ ကို ပစ်မှတ်ထားသည့် ဆိုက်ဘာ တိုက်ခိုက်မှုများလုပ် ဆောင်ရွက်ခဲ့သည်ဟု ထင်မြင်ကြောင်း ဇန်နဝါရီလ...