Connect with us

Politics, Law & Military

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၅,၇၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ နှင့် ဘိန်းစိမ်းများကိုဖမ်းဆီးရမိ

သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများအားတွေ့ရစဉ် (ဓာတ်ပုံ-- CCDAC)

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၅,၇၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ နှင့် ဘိန်းစိမ်းများကိုဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးသုံးစွဲမှုထိန်းချုပ်ရေး ဗဟိုကော်မတီ က စက်တင်ဘာ ၁၆ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၄ ရက်၂၁း၁၅ နာရီ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၁၈) မန္တလေး(တောင်)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်ဆည်မြို့နယ်၊ ကတဲကျေးရွာအနီး ကတဲ-ကြက်ဆင်ကျေးရွာ သွားလမ်းဘေး၌ ဗွက်နစ်နေသော မော်တော်ယာဉ် ၁ စီးအား မသင်္ကာဖွယ် တွေ့ရှိပြီး ၎င်းယာဉ်ပေါ်မှ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့မှာ ကြက်ဆင်ကျေးရွာဘက်သို့ လမ်းလျှောက်ထွက်ခွာသွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ကတဲ-ကြက်ဆင်ကျေးရွာ သွားလမ်းဘေးရှိ မော်တော်ယာဉ်၏ နောက်ဖုံးအတွင်းမှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် စုစုပေါင်းဘိန်းဖြူအလေးချိန် ၆.၉၁ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ကျပ် ၄၈၃၇ သိန်း)၊ ဘိန်းစိမ်း ၃၉ ကီလို၊ မော်တော်ယာဉ်နံပါတ်ပြား ၂ ခု၊ လက်ကိုင်ဖုန်း ၂ လုံးတို့ အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါမော်တော်ယာဉ်အား ကျောက်ဆည်မြို့မရဲစခန်းသို့ သယ်ယူပြီး အသေးစိတ် ထပ်မံရှာဖွေရာ ယာဉ်နောက်ခန်း ဝဲ/ယာတံခါး ၂ ချပ်အတွင်းမှ ဘိန်းစိမ်း ၂၀.၈ ကီလို၊ စုစုပေါင်းဘိန်းစိမ်း ၅၉.၈ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ကျပ် ၈၉၇ သိန်း)အားထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကျောက်ဆည် မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာဥပဒေအဖြင့် အမှုဖွင့် အရေးယူပြီး တရားခံဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)