Connect with us

Sport

အာရှ ယူ- ၁၆ ဘောလုံးခြေစစ်ပွဲအတွက် မြန်မာလက်ရွေးစင်ဘောလုံးအသင်း အပြီးသတ်လူရွေးချယ်

မြန်မာ့ ယူ-၁၆ လက်ရွေးစင်ဘောလုံးအသင်း လေ့ကျင့်ကစားနေစဉ် (ဓာတ်ပုံ--မြန်မာ့အလင်း)

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

မြန်မာ ယူ-၁၆ ဘောလုံးအသင်းသည် အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် ၂၀၂၀ အာရှ ယူ-၁၆ ဘောလုံးခြေစစ်ပွဲအတွက် အပြီးသတ် ကစားသမား ၂၃ ဦး ရွေးချယ်လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ ယူ- ၁၆ အသင်းသည် ခြေစစ်ပွဲအတွက် ရွေးချယ်လေ့ကျင့် လျက်ရှိသည့် ပဏာမကစားသမား ၂၇ ဦးအနက် လေးဦးလျှော့ချခဲ့ခြင်းဖြစ်ပြီး အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

မြန်မာ ယူ- ၁၆ အသင်းတွင် နည်းပြချုပ် – ဦးမင်းသူ၊ လက်ထောက် နည်းပြ- ဦးဘိုဘိုအောင်၊ ဦးတင်မောင် ဝင်း၊ ဂိုးနည်းပြ- ဦးဇော်လင်းအောင်၊ ဂိုး- ထက်အာကာလင်း၊ ဟံသာလင်း၊ အောင်ကျော်ဖြိုး၊ နောက်တန်း-ထူးမြတ် ခန့်၊ ထွန်းထွန်းဝင်း၊ ကောင်းထက်ပိုင်၊ လာဘ်ဝေဖုန်း၊ ကောင်းခန့်ကျော်၊ စိုင်းစိုင်းအံ့ထူး၊ မိုးခန့်၊ ကောင်းခန့်ကျော်၊ ကျော်ကျော်လင်း၊ ဝေယံလင်းသူ၊ အလယ်တန်း- ထက်အောင်ဝင်း၊ ကောင်း ဇော်လင်း၊ ကျော်မင်းခန့်၊ မင်းသူ၊ သန်းတိုးအောင်၊ ဝေဘုန်းမြင့်ကျော်၊ ရှေ့တန်း- ရန်နိုင်ထွန်း၊ မင်းခန့်သူ၊ ဇင်မျိုးအောင်၊ အောင်သီဟပိုင်တို့ ပါဝင် ကြသည်။

မြန်မာအသင်းသည် အာရှ ယူ-၁၆ ခြေစစ်ပွဲ အုပ်စု (K) တွင် တောင်ကိုရီးယား၊ ထိုင်း၊ တရုတ် (တိုင်ပေ) တို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး စက်တင်ဘာ ၁၈ ရက်မှ ၂၂ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းသည် ခြေစစ်ပွဲအဖြစ် စက်တင်ဘာ ၁၈ ရက်တွင် ထိုင်းအသင်း၊ စက်တင်ဘာ ၂၀ ရက်တွင် တောင်ကိုရီးယားအသင်း၊ စက်တင်ဘာ ၂၂ ရက်တွင် တရုတ်(တိုင်ပေ)အသင်းတို့နှင့် ကစားရမည်ဖြစ်ပြီး ပွဲအားလုံးကို ညနေ ၆ နာရီတွင် စတင်မည်ဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.