ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် မိုင်းတုံ မြို့နယ်၊ ပုံပါကျင်မြို့၊ နားကောင်းမူ ကျေးရွာ၊ ရပ်ကွက်(၄)တွင် အောက်တိုဘာ ၇ ရက်၌ သိန်း ၃၀၀ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပြုံယမ်း၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်နှင့်တွေ့ဆုံဆွေးနွေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် မြောက်ကိုရီးယားနိုင်ငံပြုံယမ်းသို့ အောက်တိုဘာလ ၇ ရက်နေ့ က သွားရောက်ခဲ့ကြောင်းသိရသည်။ မိုက်ပွန်ပီယို က အပြုသဘောဆောင်သည့်ကိစ္စရပ်များစွာကို ကင်နှင့်တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။(Xinhua)
ဗျူနိုစ်အဲရစ်၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံ ဗျူနိုစ်အဲရစ် တွင် ၂ဝ၁၈ လူငယ်အိုလံပစ်ပြိုင်ပွဲကို အောက်တိုဘာလ ၆ ရက်နေ့က တရားဝင်ဖွင့်လှစ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားကို အာဂျင်တီးနားသမ္မတ မာအူရီစီယို မက်ကရီ (Mauricio Macri ) က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတကာအိုလံပစ်ကော်မတီဥက္ကဋ္ဌ သောမတ်စ်ဘတ်ချ် (Thomas Bach)...
ဟူနန်၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်တွင် အရှည် ၁၂ ကီလိုမီတာရှိသည့်xiaodongjiang မြစ်၏ မြစ်ကြောင်းတစ်လျှောက် မြူမှုန်ဆိုင်းချိန်မြင်ကွင်းမှာ မြင်သူငေးရလောက်သည့် သဘာဝ၏ ပန်းချီကားတစ်ချပ်သဖွယ် အလွန်လှပလျက်ရှိသောကြောင့် နံမည်ကျော်ကြားကြောင်းသိရသည်။(Xinhua)
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့ပြီး မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။