Connect with us

Africa & Middle East

ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ဆော်ဒီ Aramco ရေနံကုမ္ပဏီ မီးလောင်မှုဖြစ်ပွား

ဆော်ဒီအာရေဗျနိုင်ငံရှိ Khurais ရေနံမြေတစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရီယတ်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံရှိ Aramco ရေနံကုမ္ပဏီ၏ လုပ်ငန်းခွင်နေရာနှစ်ခုအား စက်တင်ဘာလ ၁၄ ရက် အစောပိုင်းက ဒရုန်းများဖြင့် တိုက်ခိုက်ခံရမှုကြောင့် ဖြစ်ပွားခဲ့သည့် မီးလောင်မှုအား ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြထားသည်။

မြို့တော် ရီယတ် အရှေ့မြောက် ၃၃၀ ကီလိုမီတာခန့်အကွာ၊ Buqyap တွင် တည်ရှိသော လုပ်ငန်းခွင်နေရာများနှင့် Khurais ရေနံမြေများတွင် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက်အား ကိုးကား၍ ဆော်ဒီသတင်းအေဂျင်စီက ဖော်ပြထားသည်။

တိုက်ခိုက်မှုများကြောင့် လူသေဆုံးမှုများ သို့မဟုတ် ယင်းတိုက်ခိုက်မှုက ကမ္ဘာ့အကြီးဆုံး ရေနံလုပ်ငန်း အဆောက်အအုံများအပေါ် ပျက်စီးမှုရှိနိုင်လားဆိုသည်ကိုမူ လက်ရှိတွင် ရှင်းရှင်းလင်းမသိရသေးပေ။

အဆိုပါ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ပြောကြားထားခြင်း မရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117