ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ပင်လည်ဘူးမြို့နယ်တွင် ငွေကျပ် သိန်း ၁၂၁ဝ တန်ဖိုးရှိ ဘိန်းဖြူများနှင့်ငွေကျပ် ၁၆.၉၅ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဂျေရုဆလင်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ပါလက်စတိုင်း နှင့် အစ္စရေးတို့အကြား တင်းမာမှုများ မြင့်တက်နေသည့်ကြားက ဒီဇင်ဘာ ၁၃ ရက် ညတွင် ဂါဇာမှ အစ္စရေးဘက်သို့ ဒုံးကျည် ၃စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးနိုင်ငံ၏ ထုတ်ပြန်ချက်အရသိရသည်။
ဆာနား၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံရှိ သူပုန်များထိန်းချုပ်ထားရာ မြို့တော် ဆာနားမြို့ရှိ ရုရှားသံရုံးမှ သံရုံးအမှုထမ်း ၁၈ဦးကို ရုရှားနိုင်ငံ က ပြန်လည်ခေါ်ယူခဲ့ပြီး နိုင်ငံအတွင်း လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် ရုရှားသံရုံးအား ပိတ်ခဲ့ကြောင်း ဟူသီတာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၃ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) အကောက်ခွန်မဲ့ ပစ္စည်းများကို တားဆီး စစ်ဆေး အရေးယူလျက် ရှိရာ တင်သွင်း၊ တင်ပို့ခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အကောက်ခွန်မဲ့ ပစ္စည်း ၂၈ဝဝ ကျော်အား သိမ်းဆည်း ရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
ဘန်ကောက်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံမြောက်ပိုင်းမှ မူးယစ်ရာဇာတစ်ဦးအား မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် ထိုင်းတရားရုံးက ဒီဇင်ဘာ ၁၃ ရက်တွင် ထောင်ဒဏ် ၂၅နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။