Connect with us

Africa & Middle East

အမေရိကန်နိုင်ငံ ၏ ရေနံတင်သွင်းမှု ပိတ်ဆို့ခြင်း နှင့် ပတ်သက်၍ ဆန့်ကျင်ရန် အိန္ဒိယ အားအီရန်တိုက်တွန်း

ရေနံထုတ်လုပ်မှုတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

တီဟီရန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံမှ ရေနံတင်သွင်းခြင်း အပေါ် အမေရိကန်နိုင်ငံ ၏ တားမြစ်ခြင်းအား ဆန့်ကျင်ရန် အီရန်နိုင်ငံမှ အိန္ဒိယနိုင်ငံအား တိုက်တွန်းခဲ့ကြောင်း Press TV က စက်တင်ဘာ ၁၀ ရက်တွင် ထုတ်လွှင့်ခဲ့သည်။

အကယ်၍ အိန္ဒိယနိုင်ငံ အနေဖြင့် အမေရိကန်၏ ပိတ်ဆို့မှုများအား ဆန့်ကျင်နိုင်ပါက အီရန်နိုင်ငံ ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍများကမ်းလှမ်းမှုအတွက် အခွင့်အရေးများရရှိနိုင်လိမ့်မည်ဖြစ်ကြောင်း အီရန်နိုင်ငံ ၏ သံအမတ်ကြီး က အိန္ဒိယ နိုင်ငံ၏ သံအမတ်ကြီး Ali Chegini အား ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ် မေလ တွင် အမေရိကန်နိုင်ငံအနေဖြင့် အီရန်နိုင်ငံ နှင့် နျူကလီးယား သဘောတူညီချက်အား ရုပ်သိမ်းခြင်းမပြုမီ အချိန်တွင် အိန္ဒိယနိုင်ငံသည် အီရန်နိုင်ငံ ၏ အဓိက ကုန်သွယ်ဖက် နှင့် အီရန်နိုင်ငံ၏ ရေနံများကို တနေ့လျင် စည်ပေါင်း ၄၅၇,၀၀၀ တင်သွင်းခဲ့ရသော အီရန်နိုင်ငံမှ ရေနံများကို ဒုတိယ အများဆုံးဝယ်ယူသည့် နိုင်ငံဖြစ် ကြောင်း သိရသည်။

မေလတွင် အမေရိကန်နိုင်ငံက အီရန် နှင့် ရေနံကုန်သွယ်မှုအားလုံးအားတားမြစ်ပြီး ပြစ်ဒဏ်ချမှတ်ပြီးသည့်နောက် အိန္ဒိယနိုင်ငံ အနေဖြင့် အီရန်နိုင်ငံ မှရေနံတင်သွင်းခြင်းအား ရပ်တန့်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.