Connect with us

Culture

၂၀၁၉ ခုနှစ် “A Moment We Share”ဖျော်ဖြေပွဲ ၊ ဒြပ်မဲ့ယဉ်ကျေးမှုနှင့် ရိုးရာအစားအစာ ပြပွဲ ဖွင့်ပွဲအခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ

၂၀၁၉ ခုနှစ် “A Moment We Share”ဖျော်ဖြေပွဲ ၊ ဒြပ်မဲ့ယဉ်ကျေးမှုနှင့် ရိုးရာအစားအစာ ပြပွဲ ဖွင့်ပွဲအခမ်းအနားအား အထူးဧည့်သည်တော်များမှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် “A Moment We Share” ဖျော်ဖြေပွဲ၊ ဒြပ်မဲ့ယဉ်ကျေးမှုနှင့် ရိုးရာအစားအစာ ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ (စက်တင်ဘာ ၁၁ ရက်) နံနက်ပိုင်းက ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှု စင်တာတွင် ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ ယဉ်ကျေးမှု သံမှူး Mr.Pan Feng(ဦးဘုန်းကျော်)၊ မြန်မာနိုင်ငံသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ကိုယ်စား အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်နှင့်အခြားဖိတ်ကြားထားသောဧည့်သည်တော်များ ၊ သတင်းမီဒီယာများအပါအဝင် စုစုပေါင်း လူ ၁၀၀ ကျော်ပါဝင် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနား အစီအစဉ်သည် တရုတ်ရိုးရာဆောင်းဦးလလယ် လမုန့်ပွဲတော်အား ကြိုဆိုရန်၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ တည်ထောင်ခြင်း နှစ် (၇၀)ပြည့် အထိမ်းအမှတ်အား ဂုဏ်ပြုကြိုဆိုရန်နှင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး တိုးမြှင့်ဆောင်ရွက်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ရာ တရုတ်-မြန်မာ နှစ်နိုင်ငံ အနုပညာရှင်များ တူစုံပါဝင် ဖျော်ဖြေဆင်နွှဲခဲ့ကြကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနား အမှာစကားပြောကြားရာတွင် သံမှူး Mr.Pan Feng(ဦးဘုန်းကျော်)က တရုတ်ရိုးရာ ဆောင်းဦးလလယ် လမုန့်ပွဲတော်သည် မိသားစုမိတ်ဆွေအတူစုံညီကြသည့် တရုတ်နိုင်ငံ၏အဓိကပွဲတော်တစ်ခုဖြစ်ရာ ယခုကဲ့သို့ နှစ်နိုင်ငံမိတ်ဆွေများအတူစုံညီသည့်အခမ်းအနားပွဲသည် တရုတ်-မြန်မာနှစ်နိုင်ငံယဉ်ကျေးမှုပူးပေါင်းဖလှယ်ရေးကို တိုးမြှင့်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ် “A Moment We Share”ဖျော်ဖြေပွဲ ၊ ဒြပ်မဲ့ယဉ်ကျေးမှုနှင့် ရိုးရာအစားအစာ ပြပွဲ ဖွင့်ပွဲအခမ်းအနား စုပေါင်းအမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ ယဉ်ကျေးမှု သံမှူး Mr.Pan Feng(ဦးဘုန်းကျော်)မှ ဖွင့်ပွဲအမှာစကားပြောကြားစဉ်(ဆင်ဟွာ)

ရန်ကုန် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်မှ ဖွင့်ပွဲအမှာစကားပြောကြားစဉ်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် “A Moment We Share”ဖျော်ဖြေပွဲ အခမ်းအနား မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် “A Moment We Share”ဖျော်ဖြေပွဲ အခမ်းအနား မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် “A Moment We Share”ဖျော်ဖြေပွဲ အခမ်းအနား မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် “A Moment We Share”ဖျော်ဖြေပွဲ အခမ်းအနား မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် “A Moment We Share”ဖျော်ဖြေပွဲ အခမ်းအနား မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် “A Moment We Share”ဖျော်ဖြေပွဲ အခမ်းအနား မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်ကလည်း မြန်မာ-တရုတ်နှစ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်သလို ရှည်လျားသည့် ချစ်ကြည်ရင်းနှီးမှု သမိုင်းကြောင်းများ ရှိရာ တူညီသည့် ယဉ်ကျေးမှုဓလေ့ထုံးစံများလည်းရှိကြောင်း ၊ ယခုကျင်းပသည့် လမုန့်ပွဲတော်၊ဒြပ်မဲ့ ယဉ်ကျေးမှုနှင့် ရိုးရာအစားအစာပြပွဲနှင့် “A Moment We Share” ဖျော်ဖြေပွဲသည် တရုတ်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုကို ပိုမိုသိရှိနားလည်လာစေပြီး နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ခိုင်မာစေမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

“A Moment We Share”ဖျော်ဖြေပွဲတွင် မြန်မာ့ရိုးရာ ရုပ်သေးအကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သော နာမည်ကျော် မြန်မာ့ ရုပ်သေးပညာရှင် ဦးစိန်အေးမြင့်က တရုတ်ရိုးရာလမုန့်ပွဲတော် မိသားစုမိတ်ဆွေစုံညီပွဲတွင် နှစ်နိုင်ငံ ယဉ်ကျေးမှုအနုပညာရှင်များ မိသားစုသဖွယ်ချစ်ချစ်ခင်ရင်းရင်းနှီးနှီး တူစုံဖျော်ဖြေတင်ဆက်ရသည့်အတွက် အထူးဝမ်းသာပီတိဖြစ်မိကြောင်း ပြောကြားခဲ့သည်။

ရာမာယဏ ဇတ်တော်မှ ဒဿဂီရိပန်းစိုက်အကကို ပါဝင် တင်ဆက်ခဲ့ကြသော အနုပညာရှင် ကိုစိုးနှင့်မဟန်ဝင့်ဝါကလည်း ယခုကျင်းပသည့်ပွဲတော်ကို ပါဝင်ဆင်နွှဲခွင့်ရသည့်အတွက် တရုတ်ယဉ်ကျေးမှုရိုးရာပွဲတော်အကြောင်းကို တစ်စေ့တစ်စောင်းနားလည်သိရှိရကြောင်း၊ ယခုလိုပွဲတော်မှတစ်ဆင့် မြန်မာ-တရုတ်နှစ်နိုင်ငံ အနုပညာရှင်များ ပူးပေါင်းဖလှယ်ခွင့်ရသလို မြန်မာ့ယဉ်ကျေးမှုကိုလည်း အများသိအောင် တင်ဆက်နိုင်သည့်အတွက် အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၉ခုနှစ် “ A Moment We Share”ဖျော်ဖြေပွဲ ၊ ဒြပ်မဲ့ယဉ်ကျေးမှုနှင့် ရိုးရာအစားအစာ ပြပွဲအစီအစဉ်ကို ရန်ကုန်မြို့နှင့်မန္တလေးမြို့များတွင် စက်တင်ဘာ ၁၀ ရက်မှ ၁၅ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။ ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာတွင် ဒြပ်မဲ့ယဉ်ကျေးမှုနှင့်အစားအစာပြပွဲကို စက်တင်ဘာ ၁၀ ရက် ညနေပိုင်းမှ ၁၂ ရက်နေ့ နေ့လည်ပိုင်းအထိလည်းကောင်း ၊စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ရန်ကုန် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွင် “A Moment We Share” အဆိုအက ဖျော်ဖြေပွဲကိုလည်းကောင်း ကျင်းပမည်ဖြစ်ပြီး မန္တလေးမြို့တွင် စက်တင်ဘာ ၁၃ ရက်မှ ၁၅ ရက်နေ့တွင်လည်းကောင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.