Connect with us

North America

Apple က iPhone နှင့် iPad အပါအဝင် ထုတ်ကုန်အသစ်များ မိတ်ဆက်


ဆန်ဖရန်စစ္စကို၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မြောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ်တွင် စက်တင်ဘာလ ၁၀ ရက်၌ Apple Inc. က iPhone 11 နှင့် iPhone 11 Pro, iPads, Apple Watch 5 Series နှင့် iPhone ထုတ်ကုန်အသစ်များအား အခြား ထုတ်ကုန်အသစ်များ၊ ဝန်ဆောင်မှုအသစ်များ အပါအဝင် မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။

iPhone 11 တွင် မျက်နှာပြင်အကျယ် ၆ . ၁ လက်မရှိပြီး ကျောဘက်တွင် ကင်မရာနှစ်လုံးပါဝင်ကာ 4K ဗီဒီယိုများကို ရိုက်ကူးနိုင်ပြီး ဘက်ထရီကြာရှည်ခံမှု ၁၇ နာရီအထိ အသုံးပြုနိုင်သည်။ ထို့ပြင် ၎င်း၏ အရှေ့ (selfie) ကင်မရာတွင် landscape mode နှင့် slow-motion ဗီဒီယိုများ ရိုက်ကူးနိုင်ကြောင်း Apple က ဆိုသည်။

အဆိုပါ စမတ်ဖုန်းတွင် ရွေးချယ်စရာအရောင် ၆ မျိုးရှိပြီး မှတ်ဉာဏ်သိုလှောင်နိုင်စွမ်းမှာ 64GB မှ 256GB အထိရှိပြီး App များ၊ သီချင်းနှင့် 4K ဗီဒီယိုများပိုမိုရရှိရန် ပံ့ပိုးပေးထားသည်ဟု ဆိုသည်။

ထို့ပြင် မျက်နှာပြင် XDR ၅.၈ လက်မရှိသော iPhone 11 Pro နှင့် မျက်နှာပြင်အကျယ် OLED ၆.၅ လက်မရှိသော ProMAX တို့တွင်မူ ကျောဘက်ကင်မရာ သုံးလုံးပါဝင်ကာ ပညာရှင်အဆင့် ပုံတူရိုက်ကူးမှုများနှင့် တောတွင်း၊ အားကစားပွဲများကဲ့သို့ ဝေးကွာသည့် ပုံရိပ်များအား ဖမ်းယူနိုင်ရန်အတွက် Telephoto Lens များ တပ်ဆင်ထားကြောင်း သိရသည်။

မှန်ဘီလူးသုံးခုပါဝင်သော ကင်မရာစနစ်တွင် မြင်ကွင်းအကျယ် ၁၂၀ ဒီဂရီရှိ ultra wide ကင်မရာပါရှိပြီး တစ်စက္ကန့်လျှင် ဖရိန် ၃၀ ဖြင့် 4K ဗီဒီယိုများ ရိုက်ကူးနိုင်စွမ်းရှိသည်။

Apple က iPhone နှင့် iPad အပါအဝင် ထုတ်ကုန်အသစ်များ မိတ်ဆက်သည့် အခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

Apple က Watch 5 Series ကိုလည်း မိတ်ဆက်ခဲ့ပြီး ဘက်ထရီအား ၁၈ နာရီကြာ အသုံးပြုနိုင်ကြောင်း သိရသည်။

စက်တင်ဘာလ ၁၀ ရက်တွင်ပြုလုပ်သော ပွဲတွင် Apple က မျက်နှာပြင် ၁၀.၂ လက်မရှိသော seventh-generation iPad ထုတ်ကုန်သစ် တစ်ခုကိုလည်း မိတ်ဆက်ပြသခဲ့သေးသည်။

ထို့ပြင် Apple က ကိုယ်ပိုင်တီထွင်လုပ်ဆောင်ထားသော ဝန်ဆောင်မှုတစ်ခုဖြစ်သည့် Apple TV Plus အား နိုဝင်ဘာလ ၁ ရက်တွင် မိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

iPad, iPhone, laptop နှင့် destop အပါအဝင် Apple ထုတ်ကုန်အသစ် ဝယ်ယူသူမည်သူမဆို Apple TV Plus အတွက် တစ်နှစ်စာအခမဲ့ ဝင်ရောက်ကြည့်ရှုခွင့်ရမည်ဟု ဆိုသည်။

အဆိုပါ ဝန်ဆောင်မှုကို နိုင်ငံနှင့် ဒေသ ၁၀၀ ကျော်တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး “The Morning Show,” “Dickinson,” “See,” “For All Mankind” နှင့် “The Elephant Queen,” အပါအဝင် မူရင်း ဖျော်ဖြေမှုများ၊ ရုပ်ရှင်များနှင့် မှတ်တမ်းရုပ်ရှင်များ ပြသသွားမည်ဖြစ်ကြောင်း Apple က ပြောခဲ့သည်။

Apple TV Plus ဝန်ဆောင်မှုအား ၇ ရက်တာအခမဲ့ ကြည့်ရှုခွင့်နှင့်အတူ တစ်လလျှင် အမေရိကန်ဒေါ်လာ ၄.၉၉ ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.