ဟေပေ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ဟေပေပြည်နယ် လွမ်ပင်ဒေသတွင် စပါးခင်းများအတွင်း ကာတွန်းပုံများ၊ ပန်းချီများကိုရေးဆွဲကာ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်မှုပြုလုပ်ခဲ့သည်။ နံမည်ကျော် အနောက်သို့ခရီးသွားခြင်း ဒဏ္ဍာရီလာ မျောက်မင်းစွန်းဝူခုန်းနှင့် နီကျားတို့၏ ပုံရိပ်နှင့်အတူ အခြား ပန်းချီအနုပညာမြောက် ပန်းချီကားများကို စပါးပင်အရောင်များခွဲကာ ပုံဖော်ထားသည့်မြင်ကွင်းများကိုရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။(Xinhua)
ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် နှစ်ပေါင်း ၅၃ နှစ် အတွင်း မိုးရေချိန် စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်တွင်း အခွန်များ ဦးစီးဌာနသည် ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်တွင် အခွန်အရပ်ရပ်တို့မှ ကျပ် ဘီလျံ ၆၀၅၆ ဒသမ ၅၃၂ (ကျပ်သန်း ၆၀၅၆၅၃၂ ဒသမ ၅၁၄) ကောက်ခံရ...
ထရီပိုလီ ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံသည် ရွှေ့ပြောင်းဝင်ရောက်မှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့(IOM)နှင့် ပူးပေါင်း၍ ဘင်္ဂလားဒေ့ရှ်နှင့်ပါကစ္စတန်မှလာသော တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၉၆ ဦးအား အောက်တိုဘာ ၃ ရက်တွင် ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
လန်ဒန် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) ကမ္ဘာ့ဈေးအကြီးဆုံး ဝီစကီအရက်တစ်ပုလင်းကို ဗြိတိသျှငွေ ၈၄၈,ဝဝဝ ပေါင် (အမေရိကန်ဒေါ်လာ – ၁.၁ သန်း) ဖြင့် အီဒင်ဘတ်(Edinburgh) ၌ အောက်တိုဘာ ၃ ရက်တွင် လေလံပစ်၍ စံချိန်တင် ရောင်းချခဲ့ကြောင်း သိရသည်။