Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့အမေရိကန်သံရုံးအနီး၌ ပေါက်ကွဲမှုဖြစ်ပွား ၊ အသေအပျောက်ရှိနိုင်

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ ရှိ အမေရိကန်သံရုံအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ကဘူးလ် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ အမေရိကန်သံရုံးအနီးတွင် ယနေ့( စက်တင်ဘာ ၁၁ ရက် ) နံနက်အစောပိုင်းတွင် အလွန်ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းအရင်းအမြစ်များအရ သိရသည်။

ကဘူးလ်မြို့ကန့်သတ်နယ်မြေဇုံအတွင်းရှိ အမေရိကန်သံရုံးအဆောက်အအုံအနီးတွင် မီးခိုးတန်းများ ပျံ့လွင့်နေသည့်ဓါတ်ပုံများကို လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ဖော်ပြခဲ့ကြကြောင်း ၊ ယင်းကန့်သတ်နယ်မြေဇုံတွင် အခြား သံရုံးများစွာလည်း တည်ရှိကြောင်း သိရသည်။

ပေါက်ကွဲမှုမှာ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်းကြောင့်ဖြစ်ကြောင်း ပြည်တွင်းသတင်းထောက်တစ်ဦးဖြစ်သူ Jawad Jalali ကဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သံရုံးအတွင်းမှ အချက်ပေးသံများ ထွက်ပေါ်လာခဲ့ကြောင်း နှင့် ယင်းအသံကို အနီးအနားပတ်ဝန်းကျင်တစ်ခုလုံး ကြားသိခဲ့ရသည်။

အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်၍ လူသေဆုံးမှုသတင်းကို တရားဝင်ထုတ်ပြန်ခဲ့ခြင်းမရှိသေးသော်လည်း အသေအပျောက်ရှိနိုင်ကြောင်း သိရသည်။ အစိုးရတာဝန်ရှိသူများက အသေးစိတ်အချက်အလက်များအတွက် ပြောကြားခြင်းမရှိသေးသလို ပေါက်ကွဲမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကမှ တာဝန်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။

ယနေ့စက်တင်ဘာ ၁၁ ရက် သည် ၂ဝဝ၁ ခုနှစ်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အအုံ(WTC) အား အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ၁၈ နှစ်ပြည့် နေ့ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကို လက်တုန့်ပြန်သည့်အနေဖြင့် အမေရိကန်တပ်ဖွဲ့သည် ၂ဝဝ၁ ခုနှစ် နှောင်းပိုင်းတွင် အာဖဂန်နစ္စတန်နိုင်ငံအား ကျူးကျော် ဝင်ရောက်ခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အာဖဂန်၌ ၁၈ နှစ်ကြာ ဖြစ်ပွားခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် အမေရိကန် နှင့် တာလီဘန် တို့အကြားဆွေးနွေးပွဲများကို မကြာသေးခင်က ဖျက်သိမ်းခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.