Connect with us

Videos

မြန်မာနိုင်ငံတွင် Myanmar International Series 2019 နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲကို ပထမဦးဆုံး အကြိမ် လက်ခံကျင်းပ

ရန်ကုန်၊စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ)

Myanmar International Series 2019 နိုင်ငံတကာကြက်တောင်ပြိုင်ပွဲကို စက်တင်ဘာ ၁၀ ရက် က ရန်ကုန်မြို့တွင် ပထမဦးဆုံးအကြိမ်အဖြစ် စတင်ကျင်းပခဲ့သည်။

၎င်းပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ အားကစားသမားစုစုပေါင်းအယောက် ၁၃၀ ကျော် ပါဝင် ယှဉ်ပြိုင် သွားမည်ဖြစ်ရာ အမျိုးသားတစ်ဦးချင်း၊ အမျိုးသမီးတစ်ဦးချင်း၊ အမျိုးသားနှစ်ယောက်တွဲ၊ အမျိုးသမီးနှစ်ယောက်တွဲ၊ အမျိုးသား-အမျိုးသမီးနှစ်ယောက်တွဲ စသည်ဖြင့်ကျင်းပသွားမည် ဖြစ်ပြီး မြန်မာ နိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားသမားစုစုပေါင်း ၁၃ ဦးပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးဉာဏ်လွင်က “International Level (နိုင်ငံတကာ အဆင့်)ဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ အောင်မြင်မှုတစ်ခုလောက်တော့ မှန်းထားတယ်”ဟု ဆင်ဟွာသို့ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး လက်ခံကျင်းပသော Myanmar International Series 2019 နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ World Badminton Federation၊ Badminton Asia နှင့် Myanmar Badminton Federation တို့ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ရန်ကုန်မြို့ အမျိုးသားကြက်တောင် အားကစားခန်းမ တွင် စက်တင်ဘာ ၁၀ ရက်နေ့မှ ၁၅ ရက်ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.