ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ ယနေ့ နံနက် ၃နာရီ ၂၀မိနစ်တွင် လေပြင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေများစွာ ပျက်စီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ထုတ်ပြန်သော သတင်းအရ သိရသည်။
ကဘူးလ်၊ မေ ၂၉ ရက်(ဆင်ဟွာ) ယခုကာလအတွင်း အာဖဂန်နစ္စတန်နိုင်ငံ၌ဖြစ်ပွားနေသည့် မိုးခေါင်ရေရှားကပ်ဘေး အခြေအနေကို နိုင်ငံတကာ က ဂရုပြုကြရန်နှင့် ကပ်ဘေးသင့်ဒေသများကို လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေးကြ ရန် အာဖန် သမ္မတ Ashraf Ghani က မေ ၂၈ ရက်တွင် တိုက်တွန်းပြောကြား ခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ မေ ၂၉ ရက်(ဆင်ဟွာ) ရခိုင်ကမ်းရိုးတန်းဒေသသို့မုန်တိုင်းငယ်သည် နောက် ၁၂ နာရီ အတွင်း ဖြတ်ကျော် ဝင်ရောက် မည်ဟု ခန့်မှန်းရသဖြင့် အနီရောင်အရေးပေါ်အခြေအနေ ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ မုန်တိုင်းငယ် သတိပေးချက် ထုတ်ပြန်ခဲ့သည်။
ဂျေရုဆလမ်၊ မေ ၂၉ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် ပါလက်စတိုင်း ၂ဦးကို အစ္စရေးစစ်တပ်က မေ ၂၈ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။