Connect with us

Politics, Law & Military

ကျေးလက်လမ်းများအတွက် ADB မှ ဒေါ်လာ ၅၁ သန်းကျော်ချေးရန် အတည်ပြု

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်း ရှင်းလင်းတင်ပြစဉ်။

နေပြည်တော်၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ)

ဆောက်လုပ်ရေး ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်

လမ်းများ ဆက်သွယ်ရေးစီမံကိန်း ဆောင်ရွက်ရန် အာရှဖွံ

့ဖြိုးရေးဘဏ်(ADB)ထံမှ အမေရိကန် ဒေါ်လာ ၅၁ ဒသမ ၂၀ သန်း ချေးငွေ ရယူရေးကို

ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်း အဝေးက အတည်ပြုခဲ့သည်။

နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့သည့် အဆိုပါ

ချေးငွေ ကိစ္စအပေါ် လွှတ်တော်ကိုယ်စားလှယ်များက စက်တင်ဘာ ၂ ရက်နေ့တွင်

ဆွေးနွေးခဲ့ကြပြီး ယနေ့ အစည်း အဝေးတွင် သက်ဆိုင်ရာ ပြည်ထောင်စု အဆင့်

အဖွဲ့အစည်းဝင်များက ပြန်လည် ရှင်းလင်း တင်ပြခဲ့ကြရာ ပြည်ထောင်စု

လွှတ်တော်က ထောက်ခံ ဆန္ဒမဲ အများစုဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းရှင်းလင်း တင်ပြစဉ်။

ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တည်ဆောက်မည့်

ကျေးလက် လမ်းတံတားများ ဆက်သွယ်ရေး စီမံကိန်း (RRAP:_ Rural Road and

Access Project)နှင့် ပတ်သက်ပြီး တံတား ၂၇ စင်း၊ Box Culvert ၄၁၂ စင်း၊

Cause Way ပါဝင်ကြောင်း၊ အဆိုပါ ကုန်ကျငွေသည် တံတားများ၊ Box Culvert

များနှင့် Road Infrastructure များ အားလုံး အတွက်ဖြစ်ကြောင်း၊ ကျေးလက်

လမ်းတံတားများဟု ဆိုသော် လည်း ပြည်ထောင်စု လမ်းမကြီးများမှ

ရောက်ရှိလာမည့် ကားများ ဖြတ်သန်း မောင်းနှင်မည် ဖြစ်သောကြောင့် အဆင့်မီ

စံချိန်မီ လမ်းတံတားများ ဖြစ်ကြောင်း၊ ရေမြေသဘာ၀ မတူညီမှုေြ ကာင့်

တံတားများ လမ်းများ၏ ကုန်ကျစရိတ်မှာ ဧရာဝတိုင်းဒေသကြီးနှင့်

မကွေးတိုင်းဒေသကြီး တို့အကြား ကွြဲပား ခြားနားကြောင်း၊ တည်ဆောက်ရသည့်

ဒီဇိုင်းချင်းလည်း ကွာခြားမည် ဖြစ်ကြောင်း၊ ၂၀၃၀ ခုနှစ်တွင်

မြန်မာနိုင်ငံ၏ ကျေးလက်လမ်းများ အားလုံး၏ ၈၀ ရာခိုင်နှုန်းသည် ရာသီမရွေး

သွားလာနိုင်သည့် လမ်းများ ဖြစ်အောင် တည်ဆောက်သွားမှာ ဖြစ်ကြောင်း

ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ရှင်းလင်း

တင်ပြခဲ့သည်။

ထို့အတူ စီမ့ကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး

ဦးမောင်မောင်ဝင်းကလည်း “ချေးငွေ စာချုပ်ကို ၂၀၁၉ ဒီဇင်ဘာလ မကုန်မီ

ချုပ်ဆိုနိုင်ပါက ချေးငွေ ဒေါ်လာ ၅၁ ဒသမ ၂ သန်းအနက် ၅ ဒသမ ၈ သန်းကို

ပြန်လည် ပေးဆပ်ရန် မလိုသော ထောက်ပံ့ငွေအဖြစ် ရရှိနိုင်မှာ ဖြစ်လို့

ဒီဇင်ဘာလမကုန်မီ ချုပ်ဆိုနိုင်ရန် ADB နဲ့ ညှိနှိုင်း

ဆောင်ရွက်သွားပါ့မယ်” ဟု ရှင်းလင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.