ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့အနီးတွင် ယနေ့ ည ၉နာရီ ၃၉ မိနစ်တွင် အင်အားရစ်ရှ် တာ စကေး ၆အဆင့်ရှိ ငလျင်လှုပ်ရှားမှုကြောင့် အပျက်အစီးများရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ဝါရှင်တန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အယ်လ်ဘားမားပြည်နယ်တွင် အထက်တန်းကျောင်းတစ်ကျောင်းတွင် သြဂုတ် ၃၀ ရက် ညနေပိုင်းက ဘောလုံးပွဲ ကျင်းပခဲ့ရာ အသက် ၁၅ နှစ်နှင့် ၁၈ နှစ်ကြား လူ ၁၀ ဦးထက်မနည်း သေနတ်ပစ်ခံရကာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့...
ရီအိုဒီဂျနေးရိုး၊ သြဂုတ်လ ၃၁ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံသမ္မတ ဂျာဘိုလ်ဆိုနာရို(Jair Bolsonaro) က ဘရာဇီးနိုင်ငံ၏ စီးပွားရေးမှာ ပြန်လည်တိုး တက်မှုရှိနေသော်လည်း စီးပွားရေးနာလန်ထူမှုကနှေးကွေးမှုရှိကောင်းရှိနေမည်ဖြစ်ကြောင်း သြဂုတ်လ ၃၀ ရက်က ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုကော်မတီ ကိုယ်စားလှယ်များနှင့် KIO၊ PSLF၊ MNTJP နှင့် ULA မြောက်ပိုင်း(၄)ဖွဲ့တို့ ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် ယနေ့တွေ့ဆုံဆွေးနွေးပွဲ၌ သဘောတူညီချက် (၃)ချက် ရရှိခဲ့ကြောင်း ပူးတွဲသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရန်ကုန် ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) ၂၀၁၉ တရုတ် နိုင်ငံ ယူနန် ပြည်နယ် ၏ မြန်မာ နိုင်ငံ ရန်ကုန်တိုင်းဒေသကြီး “အလင်းရောင်ခရီးစဉ်” လှုပ်ရှားမှုဖွင့်ပွဲအခမ်းအနား အား သြဂုတ်လ ၃၀ ရက် တွင် ရန်ကုန်မြို့ရှိ သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန...