အဘူဂျာ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘိုင်အူ မြို့ရှိ ဈေးတစ်ခုတွင် ဒီဇင်ဘာ ၂ ရက်က အသေခံဗုံးဖောက်ခွဲမှု နှစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၃ဦးသေဆုံးပြီး အခြားလူ ၅၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံက နောက်ဆုံးအကြိမ် ဒုံးကျည်စမ်းသတ်ပစ်လွှတ်ခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံနှင့် စစ်ပွဲဆင်နွှဲသွားရန် ဖြစ်နိုင်ခြေ “ နေ့စဉ် ပိုမိုတိုးမြင့်လာနေကြောင်း” အမေရိကန်နိုင်ငံသမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး H.R. McMaster က ဒီဇင်ဘာ ၂ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) နိုင်ငံတကာ ဖိတ်ခေါ် ပြိုင်ပွဲများအတွက် ပြင်ဆင်လျှက်ရှိသည့် မြန်မာ့လက်ရွေးစင် ယူ ၂၃ အသင်း ၊ မြန်မာ့ လက်ရွေးစင် ယူ ၂၁ အသင်း တို့နှင့် မြန်မာနေရှင်နယ်လိဂ်ညွန့်ပေါင်းအသင်းတို့သည် ဒီဇင်ဘာ ၄ ရက် နှင့် ၆...
မော်စကို ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့အနောက်တောင်ပိုင်း Kaluga ဒေသတွင် ဒီဇင်ဘာ ၂ ရက်က လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားရာ ကလေးငယ် ၂ ဦးအပါအဝင် လူပေါင်း ၇ ဦးသေဆုံးသွားကြောင်း ဒေသဆိုင်ရာ ကယ်ဆယ်ရေးသမားများ၏ ပြောကြားချက်ကို ကိုးကား၍ TASS သတင်းအေဂျင်စီက...
ဂျကာတာ ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ဂျာဗားပြည်နယ်၌ ရေကြီးရေလျှံမှု နှင့် မြေပြိုမှု ဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၂ဝ ဦးသေဆုံးပြီး ၅ ဦးပျောက်ဆုံးလျက် ရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။