Connect with us

Culture & Entertainment

ယခုနှစ်ဝက်အတွင်း နိုင်ငံရပ်ခြားသို့သွားရောက်လည်ပတ်သော တရုတ်ခရီးသွားများ၏ အသုံးစရိတ်မှာအမေရိကန်ဒေါ်လာ ၁၂၈ဘီလီယံ နီးပါးရှိ

တရုတ်နိုင်ငံသားကမာ္ဘလှည့်ခရီးသွားများပြင်သစ်နိုင်ငံပါရီမြို့၌ အမှတ်တရဓါတ်ပုံရိုက်ကူးစဉ်(ဆင်ဟွာ)

ပေကျင်း၊အောက်တိုဘာ၆ရက်(ဆင်ဟွာ)

၂၀၁၉ ခုနှစ်ပထမနှစ်ဝက်အတွင်းနိုင်ငံရပ်ခြား သို့သွားရောက်လည်ပတ်သော တရုတ်နိုင်ငံသားကမာ္ဘလှည့်ခရီးသွားများ၏အသုံးစရိတ်ငွေမှာ အမေရိကန်ဒေါ်လာ ၁၂၇.၅ဘီလီယံထိရှိခဲ့ကြောင်း တရုတ်နိုင်ငံနိုင်ငံခြားငွေကြေးလဲလှယ်ရေး စီမံခန့်ခွဲမှုဌာန (SAFE) ၏ထုတ်ပြန်ချက်အရသိရသည်။

အာရှတိုက်၌ ခရီးသွားလုပ်ငန်း စုစုပေါင်းအသုံးစရိတ်ငွေ ပမာဏ ၅၄ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသားခရီးသွားများ၏ အသုံးပြုငွေများဖြစ်ပြီး အမေရိကတိုက်သားများက ၂၄ ရာခိုင်နှုန်းဖြင့် ဒုတိယ ၊ ဉရောပတိုက်သာများက ၁၃ ရာခိုင်နှုန်းဖြင့် တတိယနေရာများတွင် အသီးသီးရပ်တည်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရပ်ဝန်းနှင့်ပိုးလမ်းမတစ်လျှောက်ရှိနိုင်ငံများနှင့်အတူ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုခိုင်မာလာပြီး တရုတ်နိုင်ငံသားများသည် ခရီးသွားဈေးကွက်တွင်ငွေကြေးပိုမိုအသုံးပြုလျက်ရှိကြောင်း အစီရင်ခံစာကဆိုသည်။၂၀၁၉ ခုနှစ်ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံသားများသည် ရပ်ဝန်းနှင့်ပိုးလမ်းတစ်လျှောက်နိုင်ငံများတွင် အမေရိကန်ဒေါ်လာ ၁၄.၉ဘီလီယံအထိ ခရီးသွားလုပ်ငန်း၌ ငွေကြေးသုံးစွဲခဲ့ကြောင်း SAFE ၏ ကိန်းဂဏန်းများအရသိရသည်။

မိုဘိုင်းလ်ဖုန်းမှတဆင့်ငွေကြေးပေးချေခြင်းဝန်ဆောင်မှုသည်လည်း ယခင်နှစ်အလားတူကာလထက် နှစ်ဆ မြင့်တက်ခဲ့ကြောင်းသိရသည်။ထို့ပြင်ဈေးဝယ်ထွက်ခြင်းမှာလည်း ခရီးသွားလုပ်ငန်းတွင်အဓိကငွေကြေးသုံးစွဲသည့်ကဏ္ဍတွင်ဆက်လက်ရပ်တည်နေသည်။တရုတ်နိုင်ငံသားများ၏ နိုင်ငံရပ်ခြားတွင် ဈေးဝယ်ခြင်းမှတဆင့်အသုံးပြုငွေသည် ၂၀၁၈ ခုနှစ်ထက် ပိုမိုမြင့်တက်လျက်ရှိကြောင်းသိရသည်။ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ လာမည့် ၂၀၃၀တွင် ကမာ္ဘ့လှည့်ခရီးသွားအရေအတွက်သည် ၁.၈ဘီလီယံထိ မြင့်တက်ဖွယ်ရှိကြောင်း ဖော်ပြထားသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့ခရီးသွားဈေးကွက်တွင် တိုးတက်မှုနှုန်းအမြင့်ဆုံးနေရာ၌ရပ်တည်နေပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုအတွက် အလွန်အရေးပါသောအခန်းကဏ္ဍတွင် ရှိနေကြောင်းသိရသည်။(Xinhua)