ပေကျင်း၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်တုန်းပြည်နယ်၊ကွမ်ကျိုးမြို့ တွင် ကမ္ဘာ့ရှေ့နေများဆွေးနွေးပွဲ ကို ဒီဇင်ဘာ ၉ ရက် နှင့် ၁၀ ရက် တို့တွင် ကျင်းပသွားရန်ရှိကြောင်း တရုတ်ရှေ့နေများအသင်း (ACLA) က သြဂုတ် ၂၇ ရက် တွင်ပြောခဲ့သည်။
ဘရာဇီးလီယာ၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ သမ္မတ ဂျေအာ ဘိုဆိုနာရို (Jair Bolsonaro) သည် အမေဇုံမုတ်သုံသစ်တောနှင့် သဘာဝအရင်းအမြစ်များအတွင်း “ကျွန်ုပ်တို့၏ အချုပ်အခြာအား အာမခံရန်” ပူးတွဲအစီအစဉ်တစ်ခုအကြောင်း ကိုလံဘီယာနိုင်ငံ သမ္မတနှင့် ပြောဆိုခဲ့ကြသည်။
ရန်ကုန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) ချင်းပြည်နယ်၊ ဖလမ်းမြို့၊ တလန်လိုရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမအထက်၊ တောင်စောင်းပေါ်ရှိ မြေကြီးအက်ကွဲကြောင်းများပေါ်ကာ မြေပြိုကျနိုင်သဖြင့် သြဂုတ် ၂၆ ရက်၌ နေအိမ်များ ပြောင်းရွှွေ့ထားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊သြဂုတ် ၂၇ ရက်(ဆင်ဟွာ) လက်ရှိ၌ ငွေကြေးဖောင်းပွမှု အတန်အသင့် မြင့်မားလာရခြင်းမှာ ငွေကြေးပမာဏ တိုးတက်မှုနှုန်းနှင့် ချေးငွေ တိုးတက်မှုနှုန်းများ လွန်စွာ မြင့်မားနေခြင်းကြောင့် မဟုတ်ဘဲ လောင်စာဆီဈေးကြောင့်သာ ဖြစ်သည်ဟု ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြည်သူ့လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
နေပြည်တော်၊သြဂုတ် ၂၇ ရက်(ဆင်ဟွာ) အမျိုးသား ပို့ကုန်မဟာဗျူဟာ (၂၀၂၀ – ၂၅)တွင် လက်ရှိ ဦးစားပေးကဏ္ဍ ၁၁ ခုအပြင် နောက်ထပ် ကဏ္ဍအသစ် ငါးမျိုးတို့ကိုတိုးချဲ့ဆောင်ရွက်သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြည်သူ့ လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။