ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် (မြောက်ပိုင်း)မူဆယ်မြို့နယ် မိုင်းယု ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်၌ ကုန်သွယ်မှုမြှင့် တင်ရေးအခမ်းအနားကို မေ ၂၇ ရက် မွန်းလွဲ ၁ နာရီခန့်ကကုန်သွယ်ရေးဇုန် အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့အနီး၌ အင်အားရစ်(ခ်)တာစကေး (၃.၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်ချက်အရသိရသည်။
ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ) ကာဂျစ်စတန်နိုင်ငံ သမ္မတ Sooronbay Jeenbekov ၊ ကာဇက်စတန်နိုင်ငံ သမ္မတ Nursultan Nazarbayev နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် (Vladimir Putin) တို့သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ဇွန်လ...
ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ) ယခုနှစ်မိုးရာသီသည် မုတ်သုံအဝင်နောက်ကျခဲ့ပြီး အစွန်းရောက် မိုးရာသီဖြစ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။
ဝါရှင်တန်၊ မေ ၂၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းနှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်တို့၏ ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်ရန် အမေရိကန်နိုင်ငံမှ တရားဝင်အဖွဲ့တစ်ဖွဲ့သည် မြောက်ကိုရီးယားနိုင်ငံသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၂၇ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။