Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးတွင် စိတ်ကြွဆေးပြား (WY) သုံးစွဲမှုများ ပပျောက်စေရေး အစီအမံများ ချမှတ်ဆောင်ရွက်ရန်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အတည်ပြု

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေသကြီးတွင် စိတ်ကြွဆေးပြား (WY) သုံးစွဲမှုများ ပပျောက်စေရေး အစီအမံများ ချမှတ်ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရသို့ တိုက်တွန်းကြောင်းအဆိုအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အတည်ပြုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အရွယ်မရောက်ကလေးသူငယ်များနှင့် ကျောင်းသားအရွယ် လူငယ်များအကြားတွင် တွေ့ကြုံဖြစ်ပွားနေသော မူးယစ်စိတ်ကြွဆေးပြား (WY) သုံးစွဲမှုများ ပပျောက်စေရေး အစီအမံများ ချမှတ်ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအား တိုက်တွန်းကြောင်းအဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးခဲ့မှုများအပေါ် စက်တင်ဘာ ၃၀ ရက်၊ နံနက်(၁၀)နာရီတွင် ကျင်းပသော လွှတ်တော်အစည်းအဝေး၌ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး လွှတ်တော်တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုအား ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဒသမပုံမှန်အစည်းအဝေး၏ တတိယနေ့တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက လွှတ်တော်သို့ တင်သွင်းခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၂၃)ဦးတို့က အသီးသီး ထောက်ခံ ဆွေးနွေးခဲ့ကြပြီး ယနေ့ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် လျှို့ဝှက်ဆန္ဒမဲပေးခွင့်ရှိသူ(၁၁၀)ဦးအနက် ထောက်ခံဆန္ဒမဲ(၇၂)ခုဖြင့် အဆိုအား အစီအမံများဖြင့် ချမှတ်ဆောင်ရွက်ရန် အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.