ဗျူနိုအဲရစ် ၊ မေ ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိသည် အာဂျင်တီးနားနိုင်ငံ ဗျူနိုအဲရစ်မြို့(Buenos Aires)တွင် ကျင်းပသည့် G20 နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲသို့ တက်ရောက်စဉ်အတွင်း ချီလီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Roberto Ampuero နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကာရာကာ့စ်၊ မေ ၂၁ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုလပ်စ် မာဒူရို သည် မေ ၂၀ ရက်တွင် ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲ၌ အနိုင်ရရှိပြီး ဒုတိယအကြိမ်မြောက် ၆နှစ်တာ သက်တမ်းအတွက် ပြန်လည်ရွေးချယ်ခံရကြောင်း အမျိုးသားရွေးကောက်ပွဲကောင်စီ (CNE) ကပြောကြားခဲ့သည်။
ရီယာ့ဒ်၊ မေ ၂၁ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ရှိ မဟာဗလီကြီး (Grand Mosque) တွင် ကရိန်းတစ်ခု၏ အစိတ်အပိုင်းတစ်ခု ပြုတ်ကျမှုဖြစ်ပွားခဲ့ရာ အလုပ်သမားတစ်ဦး ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း Sabq ပြည်တွင်းအွန်လိုင်းသတင်းဌာန က မေ ၂၀ ရက်တွင်ဖော်ပြခဲ့သည်။
နယူးဒေလီ၊ မေ ၂၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ် တွင် အရက်တုများ သောက်သုံးမှုကြောင့် အနည်းဆုံး လူ ၅ဦး သေဆုံးပြီး အများအပြား နေထိုင်မကောင်းဖြစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က မေ ၂၀ ရက်တွင်ပြောကြားခဲ့သည်။
ဘန်ကောက် ၊ မေ ၂၁ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ တောင်ပိုင်း Narathiwat ၊ Patani ၊ Yala နှင့် Songkhlaပြည်နယ်တို့တွင် မေလ ၂၀ ရက် ညပိုင်းက အသေးစားဗုံးပေါက်ကွဲမှု ၁၀ ခုကျော်ဖြစ်ပွားရာ အနည်းဆုံး လူ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။...