Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ မာလူကူပြည်နယ်အနီး ပင်လယ်ပြင်တွင် အင်အား ၆.၄ အဆင့် ငလျင်လှုပ်ခတ်

အင်ဒိုနီးရှားနိုင်ငံ မာလူကူပြည်နယ်၏ မြင်ကွင်းတစ်ခုအား တွေ့ရစဉ်(ဓါတ်ပုံ- အင်တာနက်)

ဂျာကာတာ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ မာလူကူပြည်နယ် အနီး ပင်လယ်ပြင်တွင် စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်း က အင်အား ၆.၄ အဆင့် အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အင်ဒိုနီးရှားမိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပ အေဂျင်စီကွန်ရက် (BMKG)က ယင်းနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါငလျင်သည် ဂျာကာတာ စံတော်ချိန် ၂ နာရီ ၅၃ မိနစ်ခန့်တွင် မာလူကူပြည်နယ် Tanimbar ကျွန်းစု ခရိုင် အနောက်မြောက်ဘက် ၁၆၅ ကီလိုမီတာ အကွာရှိပင်လယ်ပြင်၌ မြေအောက်အနက် ၁၁ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း BMKG ကွန်ရက်တွင် ဖော်ပြထားသည်။

Tanimbar ကျွန်းစု ခရိုင် Saumlakiနှင့် အခြား ငလျင်ဗဟိုချက်အနီး ကျွန်းနေရာများတွင် ငလျင်လှုပ်ခတ်မှုကို ခံစားသိရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ထိုငလျင်နှင့်စပ်လျဉ်း၍ ဆူနာမီသတိပေးချက် ထုတ်ပြန်မှုမရှိသေးကြောင်းနှင့် သေဆုံးဒဏ်ရာရပျက်စီးဆုံးရှုံးမှု စာရင်းကို ထုတ်ပြန်ထားခြင်း မရှိသေးကြောင်းသိရသည်။

အမေရိကန် ဘူမိတိုင်းတာရေးဌာန(USGS)၏ ငလျင်ဝက်ဘ်ဆိုက် သတင်းများက ယခုလှုပ်ခတ်သည့် ငလျင်မှာ ပြင်းအား ၅.၉ ၊ အနက် ၄၈.၅ ကီလိုမီတာရှိကြောင်း ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာငလျင်ကြောပေါ်တွင် တည်ရှိပြီး နှစ်စဉ် ငလျင်ကြီးငယ် အကြိမ်ပေါင်း ထောင်နှင့်ချီ၍ ဖြစ်ပွားလေ့ရှိသည်။၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံ ဗဟိုဆူလာဝေဆီ(Central Sulawesi)ပြည်နယ် ဒုံဂါလာ(Donggala)ခရိုင်တွင် အင်အား ၇.၄ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ရာ ငလျင်နှင့်ငလျင်ကြောင့် ဖြစ်ပွားသည့် ဆူနာမီကြောင့် လူပေါင်း ၂,၀၀၀ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117