Connect with us

Europe

ယူကရိန်းနိုင်ငံ Odessa Oblast ပြည်နယ်တွင် ယာဉ်မတော်တဆမှုဖြစ်ပွား ၊ လူ ၉ ဦး သေဆုံး ၄ ဦး ဒဏ်ရာရ

ယူကရိန်းနိုင်ငံတွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ကီးယက်ဗ်၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံ Odessa Oblast ပြည်နယ်တွင် စက်တင်ဘာ ၂၁ ရက်က အသေးစားခရီးသည်တင်ယာဉ်တစ်စီးနှင့် ထရပ်ကားတစ်စီး တိုက်မိမှုဖြစ်ပွားရာ လူ ၉ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့ကြောင်း ယူကရိန်း အရေးပေါ်အခြေအနေစီမံမှုဌာန၏ သတင်းများအရ သိရသည်။

အချင်းဖြစ်ပွားမှုသည် ဒေသ စံတော်ချိန် ညနေ ၂ နာရီ ၁၀ မိနစ် ခန့်က Odessa Oblast ပြည်နယ် Ovidiopolဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ ခရီးသည်များတင်ဆောင်လာသည့် ယာဉ်ငယ်တစ်စီးသည် အိုဒက်ဆာ(Odessa)မြို့သို့ မောင်းနှင်စဉ် တစ်ဖက်ယာဉ်လမ်းကြောမှလာသော ထရပ်ကားနှင့် မျက်နှာချင်းဆိုင်တိုက်မိခဲ့ကြောင်း ယူကရိန်း အရေးပေါ်အခြေအနေစီမံမှုဌာန ဝက်ဘ်ဆိုက်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါယာဉ်မတော်တဆမှုကြောင့် လူ ၉ ဦးသေဆုံးခဲ့ပြီး ယာဉ်မောင်း ၂ ဦးအပါအဝင် ၄ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ယူကရိန်းရဲတပ်ဖွဲ့နှင့် ဆေးကုသရေးဌာနက ဒဏ်ရာရသူများကို ကူညီကယ်ဆယ်မှုများ အစွမ်းကုန် လုပ်ဆောင်နေကြောင်း သိရသည်။ (Xinhua)