Connect with us

Environment, Disasters & Accidents

ဧရာဝတီတိုင်းဒေသကြီး မြန်အောင် မြို့နယ်၌ ရေယာဉ် တစ်စီး မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားပြီး ရေယာဉ် လုပ်သား တစ်ဦး ပျောက်ဆုံးနေ

မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားသော ကုန်တင်/တွဲဆွဲ ရေယာဉ်အား တွေ့ ရစဉ် (ဓာတ်ပုံ - Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး မြန်အောင် မြို့နယ်၌ စက်တင်ဘာ ၂၁ ရက်တွင် ရေယာဉ် တစ်စီး မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရေယာဉ်လုပ်သား တစ်ဦးမှာ မြစ်အတွင်းသို့ခုန်ချ ပျောက်ဆုံးသွားသဖြင့် လိုက်လံ ရှာဖွေလျက် ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ယနေ့သတင်း ထုတ်ပြန်မှု အရ သိရသည်။

မြန်အောင် မြို့နယ် ၊ ၆ ရပ်ကွက် ၊ ဧရာဝတီ မြစ်ဂုံလျှော် ဂိုဒေါင်ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် “ထွန်းမေတ္တာ” ကုန်တင်/တွဲဆွဲ ရေယာဉ်၏ ဦးပိုင်းတွင် ရေယာဉ် လုပ်သား မျိုးနိုင်သည် ရေယာဉ်၏ သံတက်မအား ဂဟေ ဆော်နေစဉ် မီးအပူရှိန်ကြောင့် အနီးရှိ ဆီတိုင်ကီမှာ မီးလောင်ပေါက်ကွဲခဲ့ကြောင်း ၊ ပေါက်ကွဲမှုကြောင့် မီးလောင်ခဲ့ရာ ချက်ချင်း မီးငြှိမ်းသတ်နိုင်မှု မရှိသဖြင့် ရေယာဉ်တွင် ချည်ထားသည့် ကြိုးအား ဖြတ်တောက်၍ ဧရာဝတီမြစ် အတွင်းသို့မျှောလွှတ်ခဲ့ကြောင်း ၊ ထိုနောက် ယင်းရေယာဉ်မှာ ရှားတောကျေးရွာအနီး၌ သောင်တင် နေသဖြင့် မြန်အောင် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်အောင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ဦးစီး ပူးပေါင်းအဖွဲ့က သွားရောက် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ပေါက်ကွဲမှုကြောင့် ရေယာဉ် လုပ်သား သုံးဦးတွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့ ကြောင်း ပျောက်ဆုံးနေသည့် ရေယာဉ် လုပ်သား မျိုးနိုင်အား မြန်အောင် မြို့မရဲစခန်းက အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117