ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ) ဧရာဝတီမြစ် နှင့် ချင်းတွင်းမြစ် တို့ ၏ မေလ တတိယ(၁၀) ရက်ပတ် မြစ်ရေအခြေအနေခန့်မှန်းချက်များကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
KINSHASA ၊ မေ ၁၈ ရက် (ဆင်ဟွာ) ကွန်ဂိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) အနောက်မြောက်ပိုင်း Bikoro မြို့တွင် အီဘိုလာ (Ebola) ရောဂါဖြစ်ပွားသူအသစ် ၁၁ ဦးနှင့် ယင်းနှင့် ဆက်စပ်၍သေဆုံးသူအသစ် ၁ ဦးရှိသည်ဟု အတည်ပြုခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။
နေပြည်တော် ၊ မေ ၁၇ ရက် (ဆင်ဟွာ) ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် သတ္တုကဏ္ဍ၊ ကျောက်မျက် ကဏ္ဍ နှင့် ပုလဲကဏ္ဍတို့မှ ကျပ် ၇၄၁ ဘီလီယံကျော် အကောင်အထည်ဖော် နိုင်ခဲ့ကြောင်း နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး ဝန်ကြီးဌာနအလိုက်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲထံမှ သိရသည်။
နေပြည်တော်၊ မေ ၁၇ ရက် (ဆင်ဟွာ) ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုနှုန်းးထားကို နိုင်ငံတော် အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ တစ်နှစ်တာ ကာလအတွင်း နှစ်ဆမှ ငါးဆအထိ တိုးမြှင့်နိုင်ခဲ့သည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ၏ စီးပွားရေးသည် ၂၀၁၆-၂၀၁၇ ခုနှစ် တွင် အနည်းငယ် အရှိန်နှေးသွားခဲ့သော်လည်း ၂၀၁၇-၂၀၁၈ ခုနှစ် တွင် ပြည်တွင်းပြည်ပ မရေရာမသေချာသည့် အခြေအနေများအကြား အကောင်းဘက်တွင် ရှိနေဆဲဖြစ်ကြောင်း ကမ္ဘာ့ဘဏ် ၏ အစီရင်ခံစာ သစ်တွင် ပါရှိသည်။