Connect with us

North America

အမေရိကန်နိုင်ငံ၌ သေနတ်ပစ်ခတ်မှုပဋိပက္ခများကြောင့် ကုန်ကျစရိတ်ငွေ အမေရိကန်ဒေါ်လာ ၂၂၉ ဘီလီယံခန့်ရှိနေ

အမေရိကန်နိုင်ငံရှိ လက်နက်အရောင်းဆိုင်တစ်ခုအားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ၌ နှစ်စဉ် သေနတ်ပစ်ခတ်မှုပဋိပက္ခများကြောင့် ကုန်ကျစရိတ်ငွေ အမေရိကန်ဒေါ်လာ ၂၂၉ဘီလီယံ ၊ တိုင်းပြည်စုစုပေါင်းထုတ်လုပ်မှုတန်ဖိုး GDP ၏ ၁.၄ ရာခိုင်နှုန်းခန့်ရှိနေကြောင်း စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာ တစ်စောင်အရ သိရသည်။

အဆိုပါအစီရင်ခံစာသည် လက်နက်ပဋိပက္ခကြိုတင်တားဆီးရေး Giffords ဥပဒေစင်တာ နှင့် ပြည်နယ်အလိုက် သေနတ်ပစ်ခတ်မှုပဋိပက္ခများ ကုန်ကျစရိတ်ဆိုင်ရာ လေ့လာသုံးသပ်ရေး ထိန်းချုပ်မှုစင်တာတို့မှ ပူးပေါင်းကောက်ယူခဲ့သော စစ်တမ်းတစ်ခုဖြစ်သည်။

ယင်းပဋိပက္ခများသည် နိုင်ငံစီးပွားရေးအတွက် အကြီးမားဆုံးသော ငွေကြေးကုန်ကျစရာကိစ္စရပ် ဖြစ်နေကြောင်း အစီရင်ခံစာက ဆိုသည်။ အခြားငွေကြေးကုန်ကျစရိတ်များသော ကိစ္စရပ်များမှာ နိုင်ငံဝန်ထမ်းအသုံးစရိတ်များ ၊ ရဲတပ်ဖွဲ့နှင့် ပြစ်မှုဆိုင်ရာ တရားရုံး အသုံးစရိတ်များ နှင့် ကျန်းမာရေးစောင့်ရှောက်မှုအသုံးစရိတ်များဖြစ်သည်။

မစ္စစ္စပီ နှင့် အယ်ဘားမား ကဲ့သို့သော ကျေးလက်ပြည်နယ်များတွင် သေနတ်ပစ်ခတ်မှုပဋိပက ္ခကုန် ကျစရိတ်မှာ အလွန်မြင့်မားသဖြင့် ၎င်းတို့ပြည်နယ်စီးပွားရေး ဝေစု တစ်ခုအထိ ခွဲဝေအသုံးပြုနေရကြောင်း သိရသည်။

သေနတ်ပိုင်ဆိုင်မှုအများဆုံး ပြည်နယ်များဖြစ်သော အလက်စကာ နှင့် အာကန်ဆာစ်ပြည်နယ်များတွင် သေနတ်ဖြင့် ကိုယ့်ကိုယ်ကို သတ်သေမှုများလည်း အမြင့်ဆုံးဖြစ်နေသည်။ အလက်စကာသည် အမေရိကန်နိုင်ငံရှိ ပြည်နယ် ၅ဝ ခုအနက် သေနတ်ဖြင့် လူသေဆုံးမှုနှုန်းအမြင့်ဆုံး ပြည်နယ်အဖြစ် ရပ်တည်နေသည်။

အခြားသောနိုင်ငံများနှင့်နှိုင်းယှဉ်ပါက အမေရိကန်နိုင်ငံတွင် ကလေးငယ်များ နှင့် ဆယ်ကျော်သက်များသည် သေနတ်ပစ်ခတ်မှုများနှင့်ဆက်စပ်၍ သေဆုံးမှု နှင့် ဒဏ်ရာရမှုများ မြင့်တက်လျက်ရှိကြောင်း အစီရင်ခံစာက ဆိုသည်။

လက်နက်ရောင်းချမှုဆိုင်ရာ နောက်ခံစစ်ဆေးခြင်း အသုံးစရိတ်ငွေအတွက် ဖြစ်နိုင်သမျှ အသေးစိတ်ပမာဏကို သမ္မတအိမ်ဖြူတော်မှ အမေရိကန်လွှတ်တော်သို့တွက်ချက်ပေးပို့ပြီးနောက်တွင် အထက်ပါအစီရင်ခံစာ ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ နောက်ခံ စစ်ဆေးခြင်း ခန့်မှန်းအသုံးစရိတ်တွင် လက်နက်ပြပွဲများအပါအဝင် စီးပွားဖြစ်လက်နက်ရောင်းချခြင်းအတွက် ကြော်ငြာခအားလုံးလည်း ပါဝင်သည်။ အကယ်၍ တစ်စုံတစ်ဦးက လက်နက်ဝယ်ယူမည်ဆိုပါက ၎င်း၏ နောက်ခံ အချက်အလက်ကို စစ်ဆေးမှုပြုလုပ်ရပြီး အဆိုပါအချက်အလက်များကို တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများသို့ပေးပို့ရကြောင်း လွှတ်တော်သို့ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားသည်။

ပြီးခဲ့သော နွေရာသီတွင် အမေရိကန်နိုင်ငံ၌ လူပေါင်းများစွာ သေဆုံးခဲ့ရသည့် သေနတ် ပစ်ခတ်မှုများစွာ ဖြစ်ပေါ်ခဲ့ပြီး သေနတ်ပစ်ခတ်မှုပဋိပက္ခများသည် ပြည်သူများအကြား ပြန်ပြောင်းအလေးထားစရာ ကိစ္စတစ်ခု ဖြစ်လာခဲ့သည်။

သို့သော် အမေရိကန်သမ္မတအိမ်ဖြူတော် နှင့် ဒီမိုကရက်တစ်လွှတ်တော်ကိုယ်စားလှယ်များအကြား လက်နက်ထိန်းချုပ်ရေးဆောင်ရွက်ရန် သဘောထားကွဲလွဲမှု ရှိနေဆဲဖြစ်သည်။

အမေရိကန်နိုင်ငံတွင် ယခုနှစ်ဆန်းပိုင်းမှ စက်တင်ဘာ ၁၈ ရက်အထိ သေနတ်ပစ်ခတ်မှုနှင့်ဆက်စပ်သော ပဋိပက္ခပေါင်း ၄ဝ,၃၃၁ မှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁ဝ,၆၈၁ ဦးသေဆုံးခဲ့ရကြောင်း သေနတ်ပစ်ခတ်မှုပဋိပက္ခဆိုင်ရာမှတ်တမ်းဌာန အရသိရသည်။ (Xinhua)