Connect with us

Europe

ဂျာမနီအစိုးရက ဆော်ဒီအာရေဗျနိုင်ငံသို့ လက်နက်တင်ပို့ ပိတ်ပင်မှုကို ထပ်မံလုပ်ဆောင်


ဘာလင် ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ဂျာမနီအစိုးရက စက်တင်ဘာ ၁၈ ရက် တွင် ဆော်ဒီအာရေဗျနိုင်ငံသို့ လက်နက်ရောင်းချပိတ်ပင်မှုအား နောက် ထပ် ၆ လ တိုးချဲ့ပိတ်ပင်လိုက်ကြောင်း ၊ ဂျာမနီအစိုးရ သတင်းဌာနကဆိုသည်။

ဂျာမနီအစိုးရက ၂၀၂၀ နှစ်၊ မတ်လ၊ ၃၁ ရက်၊ အထိ ဆော်ဒီအာရေဗျနိုင်ငံသို့ လက်နက်တင်ပို့ရန် မည်သည့် လျှေက်လွှာ မဆို ပိတ်ပင်ခဲ့ကြောင်း ၊ ဂျာမနီအစိုးရ ပြောကြားချက်ကို ကိုးကား ၍ DPA သတင်း ဖော်ပြခဲ့သည်။

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ သံရုံး တွင် ၂၀၁၈ နှစ်၊ အောက်တိုဘာလ ၊ ၂ ရက် ၊ က ဆော်ဒီအာရေးဗျ ဂျာ နယ်လစ် ဂျမားဟာရှော့ဂျီ လုပ်ကြံမှုခံရသည်။ ထို့နောက် ဂျာမနီအစိုးရက ဆော်ဒီအာရေဗျနိုင်ငံ သို့ လက် နက် တင်ပို့မှုကို ၂၀၁၈ နှစ် ၊ နိုဝင်ဘာလ ၊ ကစ၍ ပိတ်ပင်ခဲ့သည်။

ဂျာမနီ ထုတ် စစ်လက်နက်များတွေ့ရစဉ် (အင်တာနက်)

ဂျာမနီအစိုးရက လက်နက်ရောင်းဝယ်မှု အတွက်အတည်ပြုစနစ်တစ်ခု ဖော်ဆောင်လျက်ရှိသည်။ ၂၀၁၈ နှစ် က ဂျာမနီနိုင်ငံမှ အယ်လ်ဂျီးရီးယားနိုင်ငံ ပြီးလျှင် ဆော်ဒီအာရေဗျနိုင်ငံက ဒုတိယ စစ်လက်နက် ဝယ်ယူမှုအ များဆုံးဖြစ်သည်။ ၎င်း နှစ်က ဆော်ဒီအာရေဗျ နိုင်ငံ က ဂျာမနီနိုင်ငံမှ ယူရို ၄၁၆ သန်း တန်ဖိုး စစ်သုံးလက် နက်ဝယ်ယူခဲ့သည်။ (XinHua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.