ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ယနေ့ နေ့လယ် ၁၃း၄၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၈)ရပ်ကွက်နှင့် (၉)ရပ်ကွက်ရှိ အင်းစိန်လမ်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များပြိုလဲမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
နယူးဒေလီ၊ မေ ၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဘောလီးဝုဒ် အကျော်အမော် သျှရီဒေဝီ ကာပူးရ် (Sridevi Kapoor) သည် ၎င်း၏ နောက်ဆုံးရုပ်ရှင်ဇာတ်ကားဖြစ်သော Mom တွင် ပါဝင်သရုပ်ဆောင်ခြင်းဖြင့် ယခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုအား ကွယ်လွန်ပြီးမှ ရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်နေမှုကို ဇုန်အလိုက်သတ်မှတ် ကာ အပြီးသတ်ငြှိမ်းသတ်နိုင်ခဲ့ပြီးဖြစ် သော်လည်း ယနေ့တွင် မီးကြွင်းမီးကျန် များကို ဆက်လက် ငြှိမ်းသတ်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
စတော့ဟုမ်းမ်၊ မေ ၄ ရက် (ဆင်ဟွာ) ယခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆု (Nobel Prize) ဆွတ်ခူးနိုင်သူ မရှိကြောင်း ဆွစ်ဇလန် တက္ကသိုလ်က မေလ ၄ ရက်က ကြေညာခဲ့သည်။
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးတူးမြောင်းကမ်းပြိုကာကွယ်ရေး လုပ်ငန်းခွင်ဆောင်ရွက်နေစဉ် လုပ်သားနှစ်ဦး မြေပြိုပိမိသဖြင့် တစ်ဦးသေ တစ်ဦးဒဏ်ရာရခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။