Connect with us

Europe

ဗြိတိန်နိုင်ငံလွှတ်တော်အမတ်များက အောက်တိုဘာ ၁၅ ရက်တွင် ရွေးကောက်ပွဲကျင်းပရန် ဝန်ကြီးချုပ်၏ အဆိုပြုချက်ကို ပယ်ချ

ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ဘိုးရစ်ဂျွန်ဆင်အား အောက်လွှတ်တော်၌တွေ့ ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံ ဥပဒေပြုလွှတ်တော်အမတ်များက အထွေထွေရွေးကောက်ပွဲကို အောက်တိုဘာ ၁၅ ရက်တွင်ကျင်းပရန် ဝန်ကြီးချုပ်ဘိုးရစ်ဂျွန်ဆင်၏ အဆိုပြုချက်ကို စက်တင်ဘာ ၄ ရက်တွင် ပယ်ချလိုက်ကြောင်း ၊ ယင်းမှာ သဘောတူညီချက်ရသည်ဖြစ်စေ ၊ မရသည်ဖြစ်စေ အောက်တိုဘာ ၃၁ ရက်တွင် ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရန် ဝန်ကြီးချုပ်၏ ကတိကဝတ်အပေါ် နောက်ထပ် ပိတ်ဆို့မှုတစ်ရပ်ဖြစ်ကြောင်း သိရသည်။

အဆိုပြုချက်အား ဥပဒေပြုအမတ်များက ထောက်ခံမဲ ၅၆ မဲ ကန့်ကွက်မဲ ၂၉၈ မဲ ဖြင့်ပယ်ချခဲ့ခြင်းဖြစ်ကြောင်း ၊ ဗြိတိန်အောက်လွှတ်တော်က ဥရောပသမဂ္ဂမှ သဘောတူညီချက်မရှိဘဲ ထွက်ခွာမှုကို တားမြစ်ရန် Brexit နုတ်ထွက်မှု နှောင့်နှေးစေသည့် ဥပဒေကြမ်းတစ်ခုကို အတည်ပြုခဲ့သည်။

ဘိုးရစ်ဂျွန်ဆင်က ၂ဝ၂၂ ခုနှစ်မတိုင်မီ ရွေးကောက်ပွဲကို ဆောလျင်စွာကျင်းပရန် အဆိုပြုခဲ့သော်လည်း အောက်လွှတ်တော်၏ လုံလောက်သော ထောက်ခံမဲ သုံးပုံ နှစ်ပုံ မရရှိသဖြင့် ရှုံးနိုမ့်ခဲ့ရခြင်းဖြစ်သည်။

လွန်ခဲ့သော နှစ်နာရီအတွင်းက Brexit နုတ်ထွက်မှု နှောင့်နှေးစေရေး ဥပဒေကြမ်းတစ်ခုကို ဗြိတိန်အောက်လွှတ်တော်က အတည်ပြုခဲ့သည်။ ယင်းဥပဒေကြမ်းက သဘောတူညီချက်မရှိဘဲ ဥရောပသမဂ္ဂမှ သဘောတူညီချက်မရှိဘဲ ဗြိတိန်နုတ်ထွက်ခြင်း(Brexit)ကို နှောင့်နှေးကြန့်ကြာစေမည်ဖြစ်ရာ ဝန်ကြီးချုပ်အား ဥရောပသမဂ္ဂ နှင့်စကားပြောစေရန် တွန်းအားပေးစေလိမ့်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.